xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဗူးတောင်းတို့ရေနစ်ကြလေပြီ

Tuesday, February 7, 2012

ဗူးတောင်းတို့ရေနစ်ကြလေပြီ

 မဟာကောသလမင်း၏ သောဠသ အိမ်မက်များမှ ဒွာဒသမမြောက် အိမ်မက်ကို တွေးနေမိပါသည် ၊ဗူးတောင်းများရေနစ်သည့်အိမ်မက်ဖြစ်ပါသည် ၊ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ကတော့ နောင် လာလတံ့သောကာလမှာ အနှစ်မရှိ သူယုတ်တို့၏စကားများကိုသာ လူအများနှစ်သက်လက်ခံ အတည်ပြုကြ လိမ့်မည်ဟု မြွတ်ကြားတော်မူခဲ့ပါသည် ။

ငယ်စဉ်အခါက ဘယ့်နှယ်ကြောင့် အနှစ်မရှိတဲ့သူ ၊ သူယုတ်ရဲ့စကားကို အများက လက်ခံအတည်ပြုရမှာလည်းဟု တစ်ယောက်တည်းအတွေးခေါင်ခဲ့ဘူးပါသည် ။ ယခုတစ်လော လူရုတ်ရုတ်သဲသဲ ပုံများကိုကြည့်၍ အတွေးမခေါင်နိုင်တော့ပါ....သြော်...ဒါမျိုးပါလားဟု မှတ်ချက်ပြုရင်း မြတ်စွာဘုရားရှင်၏ ဂုဏ်တော်တို့ကို ရည်မှန်းဦးခိုက် နေမိပါတော့သည် ။သြော်... ဗူးတောင်းတို့ ရေနစ်ကြလေပြီတကား......။