xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပွားနေသော 02B (Two) အမည်ရှိမုန်တိုင်း ကုန်းတွင်းပိုင်းသို့ဖြတ်ကျော်ဝင်ရောက်

Wednesday, October 19, 2011

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပွားနေသော 02B (Two) အမည်ရှိမုန်တိုင်း ကုန်းတွင်းပိုင်းသို့ဖြတ်ကျော်ဝင်ရောက်



 
 အပြည်ပြည်ဆိုင်ရာ အမည် 02B(TWO) ဟု အမည်ရသည့် ယခင် လေဖိအားနည်းရပ်ဝန်း 94B သည် စစ်တွေမြောက်ဘက် ၈၅ မိုင်ခန့် အကွာရှိ  မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့ Tumbru အပေါ်မှဖြတ်၍ ယနေ့ညနေ ၄နာရီခွဲခန်ကတွင် ကုန်းတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း သတင်းရရှိပါသည်။

ယနေ.မြန်မာစံတော်ချိန်မွန်းလွဲ ၃း၃၀ အချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက် ပိုင်းတွင်ဖြစ်ပေါ်နေသောမုန်တိုင်းသည် ရခိုင်ပြည်နယ် မောင်းတောမြို.အနောက်ဘက် ၃၅မိုင်အကွာ သို.ရောက်ရှိနေပြီး ယနေ.ညမှ နောက်၁၂နာရီအတွင်းရခိုင်ပြည်နယ်မြောက်ပိုင်းကို ဖြတ်ကျော်ဝင်ရောက် မည်ဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန် ထားကြောင်းလည်း သိရပါသည် ။

မုန်တိုင်းဖြတ်ကျော်ဝင်ရောက်စဉ် မုန်တိုင်းဒီရေသည် ၆ပေမှ၈ပေခန်.ထိ မြင့်တက်လာနိုင် ဖွယ်ရှိပြီး လေတိုက်နှုန်းမှ တစ်နာရီမိုင်၆၀မှ မိုင်၇၀ထိတိုက်ခိုက်နိုင်သဖြင့်  အနီရောင်အရေးပေါ်အခြေနေ သတ်မှတ်ထားကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

ရခိုင်ကမ်းရိုးတန်းဒေသခံများအနေဖြင့် မုန်တိုင်းအန္တရာယ်ကို ကြိုတင်ရှောင်ရှားကြရန် အမျိုးသားသဘာဝဘေးကာကွယ်ဆောင်ရှောက်ရေးကော်မတီမှလည်း   နိုင်ငံပိုင်ရုပ်သံမီဒီယာများမှတစ်ဆင့် ကြိုတင်သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။



 
အထက်ပါပုံတွင် တွေ့မြင်ရသည့်အတိုင်း မုန်တိုင်းဖြတ်ကျော်ဝင်ရောက်စဉ်က မုန်တိုင်း၏ လားရာအတိုင်း တိုင်းတာရရှိသည့် အရွယ်အစားမှာ အချင်း ၅၁၄ မိုင်ရှိပါသည်။ မုန်တိုင်း ကုန်းတွင်းသို့ လုံးလုံးလျားလျားဖြတ်ကျော်ဝင်ရောက်ပြီးသည်အထိ မုန်တိုင်း အကြွင်းအကျန်များသည် မြန်မာနိုင်ငံ အလယ်ပိုင်းဒေများနှင့် ရခိုင်ကမ်းရိုးတန်းဒေများ၊ အထူးသဖြင့် စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်-မောင်တော ဒေသများပေါ်သို့ ဆက်လက်ရောက်ရှိကာ မိုးရေချိန် များစွာ ရွာသွန်းမည့် အခြေအနေမျိုးဖြစ်ကြောင်းလည်း သိရှိရပါသည် ။

Voice Of Myanmar

သတင်းအရင်းမြစ်

မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန  
blog.mmweather.com