xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြန်မာနိုင်ငံနှင့်အာဆီယံဥက္ကဋ္ဌတာဝန်

Saturday, October 29, 2011

မြန်မာနိုင်ငံနှင့်အာဆီယံဥက္ကဋ္ဌတာဝန်



မြန်မာနိုင်ငံအနေဖြင့် လာမည့် ၂၀၁၄ ခုနှစ်တွင် အာဆီယံအဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်နိုင်ရေးနှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းမှ မှတ်ချက်အ မျိုးမျိုးပေး၍ ပြော ဆိုနေကြသော်လည်းလက်တွေ့အားဖြင့် ပြောရလျှင်အာဆီယံအဖွဲ့ကြီး အနေဖြင့် မြန်မာနိုင်ငံအား အလှည့်ကျဥက္ကဋ္ဌ အဖြစ်ထမ်းဆောင်ခွင့်ပြုရမည်မှာ အသေအချာပင် ဖြစ်ပါသည်။


ပွင့်ပွင့်လင်းလင်းပြောရလျှင် အာဆီယံနိုင်ငံများအားလုံးသည်တစ်နိုင်ငံ၏ အားနည်းချက်ကို အဖွဲ့အနေဖြင့် မဝေဖန်စတမ်းသဘောထား၍ ချီတက်လာခဲ့သောအစဉ်အလာသာရှိသည့် အဖွဲ့အစည်းဖြစ်ပါသည်။ အာဆီယံအဖွဲ့ကြီး လက်တွေ့ဆောင်ကြဉ်းနိုင်သည့်ရလဒ်ဟူ၍ AFTA ဟူသောအာဆီယံလွတ်လပ်သော စီးပွားဇုန်တည်ဆောက်ရေး သဘောတူညီချက် တစ်ခုသာရှိပြီး ကျန်ရလဒ်အားလုံးမှာ သံခင်းတမန်ခင်း အတွက်နှင့်အင်အားကြီးနိုင်ငံများကို စုစည်းရင်ဆိုင်သော COLLECTIVE ENGAGEMENT အတွက်တို့သာလျှင် ဖြစ်ပေသည်။


ယနေ့မြန်မာနိုင်ငံတွင် နိုင်ငံရေးအရအပြောင်းအလဲများ လျင်မြန်စွာဖြစ်ပေါ်နေပြီးများစွာသော အပြောင်းအလဲ များမှာ ဗီယက်နမ်၊ လာအို၊ဘရူနိုင်း၊ စင်ကာပူ စသော နိုင်ငံများ တွင်ပင်ဖြစ်နိုင်ခြေမရှိသေးသော တိုးတက်ပြောင်းလဲမှုများဖြစ်ပါသည်။ ထိုနိုင်ငံများတွင် မြန်မာနိုင်ငံမှ ယနေ့ အတိုက်အခံဟု ခေါ်ကြလေ့ရှိသည့် နိုင်ငံရေးပါတီများ အသံထွက်နေသလောက်နိုင်ငံရေးတွင် အသံထွက်ခွင့်မရှိပါ။ထိုနိုင်ငံများအသီးသီး အာဆီယံအဖွဲ့၏အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် ခဲ့ကြပြီးဖြစ်လျှင် မြန်မာနိုင်ငံအဘယ်ကြောင့် တာဝန်ထမ်းဆောင်ခွင့် မရှိရမည်နည်း ဆိုသော မေးခွန်းကိုသာ မေးရန်ရှိပါသည်။




အမှန်အားဖြင့် အာဆီယံနိုင်ငံများမှ STAKEHOLDER အချို့က မြန်မာနိုင်ငံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်မည့်အရေးနှင့် ပတ်သက်၍ဝေဖန်ပြောကြားနေကြခြင်းမှာ ၎င်းတို့၏မိတ်ဖက် အနောက်အုပ်စုနိုင်ငံကြီးများကို ရည်ရွယ်၍ ENTERTAIN လုပ်နေခြင်းမျှသာဖြစ်ပြီး အာဆီယံ အဖွဲ့ကြီးတစ်ခုလုံးအနေဖြင့် ဆုံးဖြတ်သည့်အခါတွင်မြန်မာနိုင်ငံကို အလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန် ထမ်းဆောင်ခွင့်ပြုရမည်သာဖြစ်ကြောင်း ဖော်ပြလိုက်ရပါသည်။

( ၂၀၁၁ နိုဝင်ဘာ ပထမပတ်ထုတ် THE VOICE WEEKLY JOURNAL မှ အယ်ဒီတာ့ အာဘော်ဖြစ်ပါသည် )