xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲ မြန်မာ ဗိုလ်လုပွဲတက်

Monday, October 24, 2011

အာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲ မြန်မာ ဗိုလ်လုပွဲတက်

အောက်တိုဘာ (၂၃)ရက်နေ့က ယှဉ်ပြိုင် ကစားခဲ့သည့် ၂၀၁၁ခုနှစ် အာဆီယံ ချန်ပီယံရှစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်တွင် မြန်မာ အမျိုးသမီး အသင်းက ဗီယက်နမ် အမျိုးသမီး အသင်းအား (၂-၁)ဖြင့် အနိုင်ရရှိကာ နောက်ဆုံး ဗိုလ်လုပွဲသို့ တက်ရောက် သွားပြီဖြစ်ကြောင်းသတင်းရရှိပါသည် ။

မြန်မာအသင်းသည် ဗီယက်နမ် အသင်း၏ ပထမပိုင်း (၄၃)မိနစ် ဦးဆောင်ဂိုးကြောင့် နောက်မှ လိုက်ကစား ခဲ့ရပြီး ဒုတိယပိုင်းတွင် သန်းသန်းထွေး၊ နော်အားလိုဝါးဖော တို့က ချေပဂိုးနှင့် အနိုင်ဂိုး တို့အား သွင်းယူပေးကာ ဖိုင်နယ် တက်ရောက် စေခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်း နည်းပြချုပ် ဖြစ်သူ ကူမာဒါက "ကျွန်တော်တို့ ရည်မှန်း ခဲ့တာက ပထမပိုင်းမှာ ဂိုးမရှိ သရေကျနေဖို့ပါ။ ပထမပိုင်း ပြီးခါနီ တစ်ဂိုး ပေးလိုက်ရတာကြောင့် ကျွန်တော်တို့ စိတ်ပျက် စရာ ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာ စိတ်အေးအေး ထားဖို့နဲ့ မစိုးရိမ်ဖို့ မှာခဲ့ပါတယ်။ ဗီယက်နမ်က ပွဲကို အရှိန်လျှော့ချ ဖို့ ကြိုးစားလာတော့ ကျွန်တော်တို့ တောင်ပံတွေကို အားပြု ကစားခဲ့ရပါတယ်။ ဒါကပဲ ပွဲရလဒ်ကို အပြောင်းအလဲ ဖြစ်စေခဲ့ပါတယ်" ဟု ဆီမီးပွဲနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

ဗိုလ်လုပွဲကို အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကျင်းပမည် ဖြစ်သည် ။

soccer myanmar