xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြန်မာ့ပေါ်ဆန်းမွှေးဆန် ၂၀၁၁ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဆန် ဆု ဆွတ်ခူးရရှိ

Monday, October 24, 2011

မြန်မာ့ပေါ်ဆန်းမွှေးဆန် ၂၀၁၁ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဆန် ဆု ဆွတ်ခူးရရှိ



ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် အောက်တိုဘာလ ၂၁ ရက်က ကျင်းပသော အပြည်ပြည်ဆိုင်ရာ ဆန်စပါးညီလာခံ World Rice Conference 2011 တွင် မြန်မာနိုင်ငံမှဝင်ရောက်ယှဉ်ပြိုင်သော ပေါ်ဆန်း ဆန်ဖြူသည်  ၂၀၁၁ ခုနှစ်အတွက်အကောင်းဆုံးဆန် ဆု  ( world best rice 2011) အဖြစ်ရွေးချယ် ဆုချီးမြှင့်ခြင်းခံခဲ့ရကြောင်းသတင်းရရှိပါသည် ။

နိုင်ငံတကာတွင် မြန်မာ့ပုလဲဆန် ( Myanmar pearl rice ) ခေါ် ပေါ်ဆန်း ဆန်ဖြူသည် အနံ့အရသာထူးခြားကောင်းမွန်သည့် မြန်မာ့မျိုးရင်း ဆန်တစ်မျိုးဖြစ်သည် ။ ၂၀၁၀ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပသော World Rice Conference 2010 တွင် တတိယဆုဆွတ်ခူးရရှိခဲ့ပြီး ယခုနှစ်တွင်ပထမဆုရရှိခြင်းဖြစ်ကြောင်းလဲသိရပါသည် ။ 

ပြိုင်ပွဲတွင် အမှတ် ၁၅ မှတ်ပေးရာ ပေါ်ဆန်း ဆန်ဖြူသည် ၁၄ မှတ်ရရှိပြီး ထိုင်းနိုင်ငံ၏ နာမည်ကြီး jasmine rice ထက် ၀.၂၅ မှတ်သာလွန်ကာ ပထမဆု ဆွတ်ခူးခဲ့ခြင်းဖြစ်ပါသည် ။အဆိုပါ ဆန်စပါးညီလာခံသို့ မြန်မာနိုင်ငံဆန်စပါးအသင်းမှ အကြံပေးပုဂ္ဂိုလ် ဦးတင်ထွဋ်ဦး ၊ အသင်းဒုတိယဥက္ကဌ ဦးအောင်သန်းဦးတို့ ဦးဆောင်သော အဖွဲ့ဝင် ၁၄ ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်းလည်း သိရှိရပါသည် ။