xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: နိုင်ငံတကာမှပညာရှင်များ မြန်မာ့သိပ္ပံနှင့်နည်းပညာ စာတမ်းဖတ်ပွဲသို့ လာရောက်ဖတ်ကြားမည်

Saturday, October 22, 2011

နိုင်ငံတကာမှပညာရှင်များ မြန်မာ့သိပ္ပံနှင့်နည်းပညာ စာတမ်းဖတ်ပွဲသို့ လာရောက်ဖတ်ကြားမည်



သိပ္ပံနှင့် နည်းပညာ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတကာက ပညာရှင်တွေရဲ့ လာရောက် ဆွေးနွေး၊ စာတမ်း ဖတ်ခြင်းကိုဒီဇင်ဘာလ (၁)ရက်၊ (၂)ရက် နေ့တွေမှာ ပြုလုပ်မယ်လို့ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနက သိရပါတယ်။ အဆိုပါ ဆွေးနွေးပွဲမှာ ဂျာမနီ၊ စင်္ကာပူ၊ ဂျပန်၊ ထိုင်း၊ မလေးရှား၊ အစ္စရေး၊ ပြင်သစ် အစရှိတဲ့ နိုင်ငံတွေက သိပ္ပံနှင့် နည်းပညာ ဆိုင်ရာ ပါမောက္ခနဲ့ သုတေသန ပညာရှင်ပေါင်း (၂၀)၀န်းကျင် ပါဝင်ကာ စာတမ်း ဖတ်ကြား ဆွေးနွေး ပေးမှာ ဖြစ်ပါတယ်။

ဒီလို ဆွေးနွေးရာမှာ သတင်းအချက် အလက်နဲ့ ဆက်သွယ်ရေး နည်းပညာတွေ၊ သိပ္ပံဆိုင်ရာ ပစ္စည်းများ တိုးတက် လာမှုတွေနဲ့ အာခီတက်နဲ့ သက်ဆိုင် တာတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘိုင်အို နည်းပညာ၊ ဘိုင်အို ဆေးပညာတွေနဲ့ အင်ဂျင်နီယာ ပိုင်းဆိုင်ရာ၊ အီလက်ထရောနစ်ပိုင်း ဆိုင်ရာတွေနဲ့ GIS စနစ် နည်းပညာတွေ အကြောင်း တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ International and Conference on Science and Engineering ကို (၂၀၀၉)ခုနှစ်က စတင် ပြုလုပ်တာ ဖြစ်ပြီး ယခုနှစ် ပြုလုပ်တာဟာ တတိယ အကြိမ်မြောက် ဖြစ်ပါတယ်။ ဆွေးနွေးပွဲကို သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန လက်အောက် မှာရှိတဲ့ နည်းပညာ တက္ကသိုလ် တွေကနေ ကြီးမှူးပြီး ကျင်းပတာ ဖြစ်ပါတယ်။ အဆိုပါ ဆွေးနွေးပွဲ တွေကို ကျင်းပ ပေးရခြင်းမှာ သိပ္ပံနဲ့ နည်းပညာ လောက အတွင်း နိုင်ငံတကာ အတွေ့အကြုံ ရင့်ကျက်တဲ့ အင်ဂျင်နီယာနဲ့ လူငယ်တွေ ပိုမိုပေါ်ပေါက် လာစေဖို့၊ နိုင်ငံတကာက ပညာရှင်တွေရဲ့ ဆွေးနွေး ပို့ချမှုတွေကို သိရှိစေဖို့ အတွက် ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်တွင်းရဲ့ သိပ္ပံနဲ့ နည်းပညာ ကဏ္ဍ တိုးတက် မြင့်မားစေဖို့ အတွက်လည်း ရည်ရွယ်ပြီး ပြုလုပ်တာ ဖြစ်ပါတယ်။ ယခုနှစ်ရဲ့ ဆွေးနွေး ပွဲကိုတော့ ဆီဒိုးနား ဟိုတယ်မှာ ကျင်းပမှာ ဖြစ်ပြီး ပြည်တွင်းက စာတမ်း တင်သွင်းလိုသူ၊ လေ့လာ လိုသူတွေဟာ နိုဝင်ဘာလ (၃)ရက်နေ့ နောက်ဆုံး ထားပြီး Conference Secreteriat Office ကို ဆက်သွယ် နိုင်တယ်လို့ သိရပါတယ်။

MRTV4