Wikileaks ဝက်ဆိုက်ကို ထူထောင်သူ Julian Assange
အင်တာနက် လောကအတွင်းတွင် လျှို့ဝှက်သတင်းများ ဖောက်ချမှုဖြင့် နာမည် ထင်ရှား
လှသည့် Wikileaks ဝက်ဆိုက်ကို ထူထောင်သူ Julian Assange မှာ၎င်း၏
လျှို့ဝှက်ချက်များ ထုတ်ဖော်နေမှုကို ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း
တနင်္လာနေ့က ပြောကြားလိုက်ကာ ၎င်းတို့ ဝက်ဆိုက်၏ ဘဏ္ဍာရေး ကိစ္စရပ်များ ပြန်လည်
အခြေတည် နိုင်ရန် ယခုလို ပြုလုပ်မည် ဟု ကြေငြာ ရခြင်း ဖြစ်ကြောင်း ပြောကြား
လိုက်သည်။
နောက်ဆက်တွဲ အဖြစ် ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြရာ၌ ၎င်းတို့အနေဖြင့် အလွန်ပင် ထက်ထက် သန်သန်ဖြင့် ငွေကြေးများ ထောက်ပံ့နိုင်ရန် ပြုလုပ်ရမည် ဖြစ်ပြီး ယခုလို ပိတ်ဆို့မှုများကို တိုက်ဖျက်နိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။
MRTV 4