xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အာဖဂန်တိုက်ခိုက်ခံရမှုအတွင်း နေတိုးတပ်သား ၁၃ဦး ကျဆုံးကြောင်းအမေရိကန်အတည်ပြုပြောကြား

Sunday, October 30, 2011

အာဖဂန်တိုက်ခိုက်ခံရမှုအတွင်း နေတိုးတပ်သား ၁၃ဦး ကျဆုံးကြောင်းအမေရိကန်အတည်ပြုပြောကြား



အာဖဂန်နိုင်ငံကာဘူးမြို့မှာ အောက်တိုဘာလ ၂၉ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်ခံရမှုမှာ  နေတိုးတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံးခဲ့ကြောင်း အမေရိကန် ကတရားဝင် အတည်ပြုခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်မှာဖေါ်ပြထားပါတယ် ။ အခုသေဆုံးမှုဟာ ယခုနှစ် သြဂုတ်လ အတွင်းက ဖြစ်ပွားခဲ့တဲ့ ရဟတ်ယာဉ်တိုက်ခိုက်ခံရမှုမှာ အမေရိကန်တပ်သား ၃၀ သေဆုံးမှုပြီးရင် အရေအတွက်အများဆုံးသေဆုံးမှု ဖြစ်ပါတယ် ။



အသေခံဗုံးခွဲသမားဟာ ပေါက်ကွဲစရာတွေ တင်ဆောင်လာတဲ့ကားကို မောင်းပြီး နေတိုး တပ်ဖွဲ့ရဲ့ မော်တော်ယာဉ်တန်းကို ကဘူးမြို့မှာ ၀င်တိုက်ခဲ့တာဖြစ်ပါတယ်။ ၁၇ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူတွေထဲမှာ နေတိုးရဲ့  အရပ်သားအမှုထမ်း ၅ ဦးနဲ့ အာဖဂန်နစ္စတန်နိုင်ငံသား ၄ ဦး၊ စုစုပေါင်း အရပ်သား ၉ ဦး သေဆုံးခဲ့တယ်လို့ နေတိုးအဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။ သေဆုံးသူ ၁၇ ဦးထဲက ၁၃ ဦးဟာ အမေရိကန် တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားအမှုထမ်းတွေ ဖြစ်ပြီး သေဆုံးသူ နောက်တစ်ယောက်ကတော့ ကနေဒါနိုင်ငံသားဖြစ်တယ်လို့ ကနေဒါ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။


အလားတူပင် အာဖဂန်နစ္စတန် နိုင်ငံတောင်ပိုင်းမှာ  အာဖဂန်စစ်သား ယူနီဖောင်း ၀တ်ဆင်ထားသူတစ်ယောက်က အာဖဂန်နဲ့ ညွန့်ပေါင်းတပ်ဖွဲ့ဝင်တွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် နေတိုး တပ်ဖွဲ့ဝင် ၃ ဦးထပ်မံ သေဆုံးခဲ့ပြီး ပစ်ခတ်သူလည်း သေဆုံးသွားတယ်လို့ သိရပါတယ်။

Voice Of Myanmar