xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: လစ်ဗျားခေါင်းဆောင်ဟောင်း ကဒါဖီ သေဆုံးကြောင်း အသွင်ကူးပြောင်းရေးကောင်စီတပ်မှူးပြောကြား

Thursday, October 20, 2011

လစ်ဗျားခေါင်းဆောင်ဟောင်း ကဒါဖီ သေဆုံးကြောင်း အသွင်ကူးပြောင်းရေးကောင်စီတပ်မှူးပြောကြား

  
  
လစ်ဗျားခေါင်းဆောင်ဟောင်း ကဒါဖီဟာ တိုက်ပွဲမှာရရှိတဲ့ဒဏ်ရာနဲ့ သေဆုံးသွားပြီဖြစ်ကြောင်း လစ်ဗျားအသွင်ကူးပြောင်းရေးကောင်စီ (National Transitional Council (NTC)) ၏ရှေ့တန်းတပ်မှူး ဖြစ်သူ Momhemed Buras Ali Al-Maknee က ဆင်ဟွာသတင်းဌာနကို ကြာသာပတေးနေ့မှာ ပြောကြားလိုက်ကြောင်း သိရှိရပါတယ် ။

 
ကဒါဖီကို လစ်ဗျားနိုင်ငံအနောက်ပိုင်း မစ်ရာတာဒေသ Sirte မြို့တိုက်ပွဲမှာ ဖမ်းဆီးရမိတာဖြစ်ပြီး သူ့ကိုဖမ်းမိစဉ်မှာ ဒဏ်ရာအမြောက်အများရရှိထားတယ်လို့ သူကပြောပါတယ် ။ ကဒါဖီသေဆုံးကြောင်းကို အာရပ်ဘာသာနဲ့ထုတ်လွှင့်တဲ့  al-Jazeera TVကထုတ်လွှင့်ရာမှာ ထရီပိုလီအခြေစိုက် NTC စစ်ဘက်အကြီးအကဲ ကလည်း အတည်ပြုပြောဆိုခဲ့ကြောင်းသိရပါတယ် ။


ကဒါဖီသေဆုံးကြောင်းကို NTC ၏အကြီးအကဲဖြစ်သူ Mustafa Abdul-Jalil က လစ်ဗျားပြည်သူများသို့ မကြာမီ တရားဝင်ထုတ်ပြန်ပြောဆိုသွားမည်ဖြစ်ကြောင်းလည်း သတင်းရရှိပါတယ် ။

သတင်းအရင်းမြစ် - ဆင်ဟွာ