xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ၀န်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရသစ်လက်ထက်တွင် စတုထ္ထအကြိမ်တွေ့ဆုံမည်

Friday, October 28, 2011

ဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရသစ်လက်ထက်တွင် စတုထ္ထအကြိမ်တွေ့ဆုံမည်

 ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ အစိုးရသစ်လက်ထက်တွင် စတုထ္ထအကြိမ်မြောက် အဖြစ် အောက်တိုဘာလ ၃၀ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


အစိုးရသစ်လက်ထက်၌  ဦးအောင်ကြည်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့သည်  ၂၀၁၁ခုနှစ် ဇူလိုင်လ ၂၅ရက်နေ့ ၊ ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၂ ရက်နှင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တို့တွင် တွေ့ဆုံခဲ့ပြီး ယခုတွေ့ဆုံမှုသည် စတုတ္ထအကြိမ်ဖြစ်ပါသည် ။


ယခုတွေ့ဆုံမှုသည် အောက်တိုဘာလ ၂၄ရက်နေ့က မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်ခဲ့သည့်  အမေရိကန် အထူးကိုယ်စားလှယ် စေ့စပ်ညှိနှိုင်းရေးမှူး ဒဲရက်မစ်ချယ်၏ ဒုတိယခရီးစဉ်အပြီး ရက်သတ္တပတ်အတွင်း တွေ့ဆုံခြင်းဖြစ်ပါသည်။


အချိန်နှစ်လအတွင်း မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်လာရောက်ခဲ့သော ဒဲရက်မစ်ချယ်သည် နေပြည်တော်၌ အစိုးရအဖွဲ့ဝင်များနှင့်လည်းကောင်း၊ ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း သီခြားစီတွေ့ဆုံထားခဲ့သော်လည်း ၊ မြန်မာအစိုးရဘက်မှ၎င်း ဒေါ်အောင်ဆန်းစုကြည်ဘက်မှ၎င်း မစ္စတာဒဲရက်မစ်ချယ်ဘက်မှ၎င်း အဆိုပါခရီးစဉ်နှင့်ပတ်သက်၍  သီးခြားသတင်းထုတ်ပြန်ချက်များ မထုတ်ပြန်ခဲ့၍ပြည်တွင်းပြည်ပမှ အဆိုပါခရီးစဉ်အပေါ်စိတ်ဝင်စားမှုရှိနေချိန်တွင်  ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ယခုကဲ့သို့တွေ့ဆုံမှုသည် အမေရိကန်မြန်မာဆက်ဆံရေးတွင် ထူးခြားသောအပြောင်းအလဲများ ပေါ်ပေါက် လာနိုင်မည် လားဟု တွေးဆနေသူများလည်း ရှိနေကြောင်း သတင်းရရှိပါသည် ။

ထို့အပြင် သမ္မတ ဦးသိန်းစိန်က နိုင်ငံရေး အကျဉ်းသား နှစ်ရာကျော်ကို လွှတ်ပေးပြီး နောက်ပိုင်း၊ လွှတ်တော်မှာ ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်ပြီးနောက်၊ အလုပ်သမား အစည်းအရုံးများ ဖွဲ့စည်း ခွင့် ပြုတဲ့ဥပဒေ၊ လွတ်လပ်စွာ ဆန္ဒပြခွင့်နဲ့ ပတ်သက်တဲ့ ဥပဒေများကို အတည်ပြု ပေးခဲ့ပြီးတဲ့ နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခြင်းဖြစ်၍လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏အနာဂါတ်နိုင်ငံရေးပုံစံ အပြောင်းအလည်းများဖြစ်ပေါ် လာနိုင်ကြောင်း လည်း နိုင်ငံရေးအကဲခတ်များက သုံးသပ်လျက်ရှိကြောင်း သတင်းရရှိပါသည် ။

Voice Of Myanmar