xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အကျဉ်းသားများ လွတ်မြောက်ရေးအလားအလာ . ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းပြောဆို

Sunday, October 9, 2011

အကျဉ်းသားများ လွတ်မြောက်ရေးအလားအလာ . ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းပြောဆို


 
မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျနေတဲ့ အကျဉ်းသားတွေကို လွှတ်ပေးရေးကိစ္စ မကြာခင်ရက်ပိုင်း အတွင်းမှာ အကောင်အထည် ပေါ်လာနိုင်ကြောင်း ပြည်သူ့ လွတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောဆိုလိုက်ကြောင်း သိရပါတယ် ။

အောက်တိုဘာလ ၆ ရက်နေ့ကနေ ၈ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ နော်ဝေ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်မှာ အတူလိုက်ပါလာတဲ့ NRK လို့ခေါ်တဲ့ နော်ဝေရုပ်သံဌာနကို သူရဦးရွှေမန်းက ခုလို ပြောခဲ့တာဖြစ်ပါတယ် ။ နော်ဝေ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာ့နိုင်ငံရေး မှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးလောကထဲက ပါသင့်ပါထိုက်သူတွေ ပါဝင်လုပ်ကိုင်နိုင်ဖို့ လိုတယ်လို့ အကြံပြု ပြောဆိုခဲ့တယ်လို့ဆို ပါတယ်။


နော်ဝေအခြေစိုက် NRK လို့ခေါ်တဲ့ နော်ဝေရုပ်သံ သတင်းဌာနရဲ့ အင်တာနက်စာမျက်နှာမှာ မြန်မာနိုင်ငံ ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းနဲ့ အဲဒီသတင်းဌာနက သတင်းထောက်တို့ တွေ့ဆုံ မေးမြန်းခန်းကို ဖော်ပြထားရာမှာ အဆိုပါ အကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ မေးခွန်းအပေါ် ဦးရွှေမန်းကဖြေကြားထားတဲ့ ဗီဒီယိုဖိုင် ဖြစ်ပါတယ် ။