xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: KIA က အယ်ဂျားဇီးယားသတင်းဌာနနှင့်ပူးပေါင်း၍ လုပ်ကြံသတင်းများထုတ်လွှင့်ရန်စီစဉ်နေဟုဆို

Wednesday, October 19, 2011

KIA က အယ်ဂျားဇီးယားသတင်းဌာနနှင့်ပူးပေါင်း၍ လုပ်ကြံသတင်းများထုတ်လွှင့်ရန်စီစဉ်နေဟုဆို

  သတင်းထောက် Abderrahim Foukara

အယ်ဂျားဇီးယားသတင်းဌာနမှ သတင်းထောက် Gabriel Elizondo နှင့် Abderrahim Foukara တို့ဟာ ရွှေလီမြို့ မှတစ်ဆင့် KIA ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ရောက်ရှိနေကြောင်း ကချင်နေ့စဉ်သတင်း ၏ အင်တာနက်စာမျက်နှာတွင်ဖေါ်ပြထားချက်အရသိရှိရပါသည် ။

 သတင်းထောက် Gabriel Elizondo

 
 မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ KIA  ဖြစ်နေသော တိုက်ပွဲများကြောင့် ကချင်လူထုမှာ တော်တော်လေး ဒုက္ခရောက်နေတဲ့အကြောင်းနဲ့ လက်ရှိတိုက်ပွဲများကြောင့် တရုတ်မြန်မာနယ်စပ်က ဒုက္ခသည်တွေဟာ ဆင်းရဲကျပ်တည်းမှုတွေနဲ့ ကြုံတွေ့နေရတယ်ဆိုတဲ့ ပုံစုံမျိုးဖန်တီးရိုက်ကူးပြီး အယ်ဂျားဇီးယားသတင်းဌာနမှာ ထုတ်လွှင့်သွားမမှာဖြစိကြောင်း အဆိုပါသတင်းမှာဖေါ်ပြထားပါတယ် ။



အဓိကကတော့ KIA က ဒုက္ခသည်တွေအကြောင်းပြပြီး နိုင်ငံတကာမှ ကူညီငွေတွေရရှိလာအောင် လုပ်ချင်တာပါ။ လိုင်ဇာမှာရှိတဲ့ ဆင်းရဲတဲ့ရပ်ကွက်က လူတော်တော်များများနဲ့ အနီးနားရွာက လူတွေကိုပါခေါ်ပြီး တိုက်ပွဲသတင်းဗွီဒီယိုတွေနဲ့ ဒုက္ခသည်တွေရဲ့ဆင်းရဲကျပ်တည်းမှုတွေကို ဇာတ်လမ်းဖန်တီးရိုက်ကူးကာ ထုတ်လွှင့် သွားမည်ဟု သိရှိရပါသည်။
 
အဆိုပါ အယ်လ်ဂျာဇီးယား (Al Jazeera ) သတင်းဌာနသည် ၂၀၀၇ ခုနှစ်တွင်မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်ခေါ် ဘုန်းကြီးလှုပ်ရှားမှုအကြောင်း ၊ ပြည်ပြေး စိုင်းသိန်းဝင်းထံမှရရှိသည့်အချက်အလက်များကိုအခြေခံကာ မြန်မာနိုင်ငံတွင်ညူကလီးယား လက်နက်များ ထုတ်လုပ်နေကြောင်း အစရှိသဖြင့် မြန်မာအစိုးရကို နိုင်ငံတကာမှ အထင်အမြင် လွဲမှားစေနိုင်သော သတင်း များမှအပ အခြားသော မြန်မာနိုင်ငံဆိုင်ရာ သတင်းများကို ထုတ်လွှင့်လေ့ မရှိသော သတင်းဌာနဖြစ်သည် ။

အဆိုပါအယ်လ်ဂျာဇီးယားသတင်းဌာနသည် ပြည်တွင်းသတင်းထောက်သီးခြားမထားပဲ ပြည်တွင်းအခြေစိုက် ELEVEN MEDIA နှင့်ဆက်သွယ်ကာ သတင်းဖလှယ် ရောင်းဝယ်မှုများပြုလုပ်နေကြောင်းလဲ သတင်းများဖြစ်ပေါ်နေပါသည် ။

Voice Of Myanmar