xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ၀န်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရသစ်လက်ထက်တွင် စတုထ္ထအကြိမ်တွေ့ဆုံကြ

Sunday, October 30, 2011

ဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရသစ်လက်ထက်တွင် စတုထ္ထအကြိမ်တွေ့ဆုံကြ


 ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် အစိုးရသစ်လက်ထက် စတုတ္ထအကြိမ်မြောက် တွေ့ဆုံမှုအဖြစ် အောက်တိုဘာလ ၃၀ ရက်နေ့ (ယနေ့) မွန်းလွဲ ၁ နာရီမှ ၁နာရီ၅၅ မိနစ်အထိ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာ၌ တွေ့ဆုံခဲ့ကြပါသည် ။ ထိုသို့တွေ့ဆုံဆွေးနွေးကြ ရာတွင် အောက်ပါကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည် ။ 
 
 ယခင်ဆွေးနွေးမှုများအပေါ် နိုင်ငံတော်က လိုအပ်သည်များကူညီဆောင်ရွက်ပေးနေသည့် အခြေအနေ တိုင်းပြည်စီးပွားရေးဖွံဖြိုးတိုးတက်လာစေရန်အတွက် လွတ်လပ်စွာကုန်သွယ်ခွင့် ကူးသန်းရောင်းဝယ်ခွင့် ရရှိရေးနှင့် လွတ်လပ်စွာငွေကြေးသုံးစွဲခွင့်ရရှိရေးတို့၏အရေးကြီးမှုနှင့်ပတ်သက်၍လွတ်လပ်စွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ထို့အပြင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ထာဝရငြိမ်းချမ်းရေး ရရှိရန် နိုင်ငံတော် ကဆောင်ရွက်ပေးနေမှုများတိုးတက်ဖြစ်ထွန်းမှုအခြေအနေ များနှင့်လွတ်ငြိမ်းချမ်းသာ ခွင့်ပေးသင့်သူများ ကိစ္စကိုလည်းဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားရန် လည်း သဘောတူညီခဲ့ကြပါသည်။

အစိုးရသစ်လက်ထက်၌  ဦးအောင်ကြည်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့သည်  ၂၀၁၁ခုနှစ် ဇူလိုင်လ ၂၅ရက်နေ့ ၊ ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၂ ရက်နှင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တို့တွင် တွေ့ဆုံခဲ့ပြီး ယခုတွေ့ဆုံမှုသည် စတုတ္ထအကြိမ်ဖြစ်ပါသည် ။