xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ထိုင်းဝန်ကြီးချုပ်သစ် မြန်မာနိုင်ငံသို့ရောက်ရှိ

Wednesday, October 5, 2011

ထိုင်းဝန်ကြီးချုပ်သစ် မြန်မာနိုင်ငံသို့ရောက်ရှိ



ထိုင်းဝန်ကြီးချုပ်သစ် ယင်းလတ် ရှင်န၀ပ်ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ မြန်မာနိုင်ငံကို ရောက် ရှိနေပြီဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်သစ် အနေနဲ့ ဒီမြန်မာခရီးစဉ်ဟာ ပထမဆုံး တရားဝင် ချစ်ကြည်ရေးခရီးစဉ် ဖြစ်ပါတယ်။

ဒီ ခရီးစဉ်ဟာ အာဆီယံအတွင်းက ၀န်ကြီးချုပ်သစ် တဦးအနေနဲ့ နိုင်ငံချစ်ကြည်ရေးခရီးစဉ်ထွက် မိတ်ဆက်တဲ့ လုပ်ရိုးလုပ်စဉ်လိုဖြစ်နိုင်ပေမယ့် ဒီထက်ပိုတဲ့ ဆွေးနွေးမှုတွေ ရှိနိုင်တယ်လို့ သုံးသပ်မှုများလဲရှိနေပါတယ် ။

သူမရဲ့ခရီးစဉ်ဟာ ၁ ရက်သာ ကြာမြင့်မှာဖြစ်ပြီး နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် အပါအ၀င် ထိပ်တန်းတာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ကာ ညပိုင်းတွင် ညစာစားပွဲတက်ရောက်ပြီး ညတွင်းချင်း ဆိုသလို ထိုင်းနိုင်ငံကို ပြန်လည်ထွက်ခွာသွားမှာဖြစ်ကြောင်းလည်းသိရပါတယ် ။

သူမ၏ အကိုဖြစ်သူ သက်ဆင်ရှင်နာဝပ် လက်ထက်တုံးကတော့ မြန်မာ အစိုးရနဲ့ နှစ်နိုင်ငံဆက်ဆံရေးအထူး ကောင်းမွန်ခဲ့ပြီး နောက်ပိုင်းတက်လာတဲ့ဝန်ကြီးချုပ်အဘီဆစ် လက်ထက်မှာတော့ နှစ်နိုင်ငံဆက်ဆံရေးဟာ ပုံမှန်အဆင့်သာရှိတော့တယ်လို့ သုံးသပ်သူများက ဆိုပါတယ် ။

ထားဝယ်ရေနက်ဆိပ်ကမ်း ၊ ကမ်းလွန်သဘာဝဓါတ်ငွေ့တူးဖေါ်ရေးလုပ်ငန်းစတဲ့ ရင်းနှီးမြှုတ်နှံမှုကြီးမားတဲ့ လုပ်ငန်းတွေမှာ မြန်မာနိုင်ငံနဲ့ လက်တွဲလုပ်ဆောင်နေတဲ့ထိုင်းနိုင်ငံဟာ နယ်စပ် ကုန်သွယ်ရေးအပါအ၀င် အခြားစီးပွားရေးလုပ်ငန်းတွေမှာ တိုးတက်လုပ်ဆောင်ဘို့ ဆန္ဒရှိနေတဲ့ အပြင် မြန်မာနိုင်ငံ အနေနဲ့လည်း ပြုပြင်ပြောင်းလဲရေးတွေကို တိုးတက်ဆောင်ရွက်နေချိန်ဖြစ်လို့  ထိုင်းဝန်ကြီးချုပ်ရဲ့ ခုခရီးစဉ်ဟာ ထူးခြားမှုတွေရှိနိုင်တယ်လို့ သုံးသပ်သူတွေလည်းရှိနေကြောင်းသတင်းရရှိပါတယ် ။