xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ပခုက္ကူရွှေချောင်းတံတားကျိုး

Thursday, October 20, 2011

ပခုက္ကူရွှေချောင်းတံတားကျိုး

ပခုက္ကူရွှေချောင်းတံတား ကျိုးကျသွားစဉ်

ပခုက္ကူမြို့အဝင် ဧရာဝတီ မြစ်လက်တက် ရွှေချောင်း ချောင်းကို ဖြတ်ကျော် တည်ဆောက်ထားပြီး မုံရွာ၊ မန္တလေးမြို့များနှင့် ကုန်သွယ်ရေးတွင် အရေးပါသော  ရွှေချောင်း တံတားသည် ယနေ့ နံနက် ၆ နာရီခန့်က မိုးများ အဆက်မပြတ် ရွာသွန်းနေစဉ် ရေလယ်တိုင် ၃ တိုင် ကျိုးသွားခဲ့ပြီး တံတားအနီး တည်ဆောက်ထားသည့် ဘုန်းတော်ကြီးကျောင်းနှင့် အိမ်အချို့ ရေတွင်မျောပါ သွားကြောင်းသတင်းရရှိပါသည် ။

အဆိုပါ ရွှေချောင်း ပခုက္ကူတံတားသည် ပေတစ်ထောင်ခန့် အရှည်ရှိသည့် သံကူ ကွန်ကရစ်အမျိုးအစား တံတား တစ်စင်းဖြစ်ပြီး ယင်းတံတား ကျိုးမှုကြောင့် မုံရွာ - မန္တလေးမြို့များနှင့် ဆက်သွယ် ရောင်းဝယ်နေမှုများ ပြတ်တောက်သွားနိုင်ကြောင်း မြို့ခံများက ပြောဆိုပါသည် ။
 ပခုက္ကူ ဒေသတဝိုက်တွင် မိုးများ ၃ရက်ခန့် အဆက်မပြတ် ရွာသွန်းနေပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းကို ဝင်ရောက်ခဲ့သည် မုန်တိုင်းနှင့် ဆက်စပ်၍ စစ်ကိုင်းရွှေဘို ဒေသများတွင်ပါ ရေကြီး ရေလျှံမှု များ ဖြစ်ပွားနေရာမှ ရွှေချောင်း ချောင်းရေ မြင့်တက်ကာ ရေစီးသန်လာရာမှ ယခုကဲ့သို့တံတားကျိုးသည်အထိ ဖြစ်ပွားခဲ့ပြီး လူအသေအပျောက်ရှိကြောင်း ပြောဆိုမှုများရှိသော်လည်း အရေအတွက်ကိုမူအတိအကျ မသိရှိရသေးပေ ။