xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ကို့ကိုယ်ကို အရင်ပြင်ရမည့် မြန်မာ့ စတုတ္ထမဏ္ဍိုင်

Saturday, December 3, 2011

ကို့ကိုယ်ကို အရင်ပြင်ရမည့် မြန်မာ့ စတုတ္ထမဏ္ဍိုင်

ဘယ်လာရုစ် နိုင်ငံရဲ့ ၀န်ကြီးချုပ်မြန်မာနိုင်ငံကိုရောက်နေပါတယ် နိုင်ငံတော်သမ္မတဦးစီးပြီး အစိုးရအဖွဲ့ဟာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ၊ စိုက်ပျိုးရေး ၊ပညာရေးကဏ္ဍတွေမှာ နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်ကြဘို့ ဆောင်ရွက်နေကြပါတယ် ၊ ရောက်တာ ၂ ရက်ရှိနေပါပြီ ၊ အစိုးရပိုင်သတင်းစာကလွဲလို့ ဘယ်ပြည်တွင်းမီဒီယာမှာမှ မတွေ့ရပါဘူး ၊ တစ်လုံးတောင်မပါပါဘူး ။ 

အမေရိကန်ကလာမှ သတင်းလား ၊ ဒေါ်စုကြည်နဲ့တွေ့တဲ့လူမှသတင်းလား ၊ ကျော်သူတို့ ဖြူဖြူသင်းတို့ ဆီသွားတဲ့လူမှသတင်းလား ၊ ကဲ ခုကျုပ်လိုပြည်သူတစ်ယောက်ကသိချင်နေပြီဗျာ ၊ ဘယ်လာရုစ်ဝန်ကြီးချုပ် ဘာလာလုပ်တာလဲ ၊ ဒီနိုင်ငံကရောဘယ်လိုနိုင်ငံလဲ ဆိုဗီယက်ကနေခွဲထွက်ပြီးနောက်မှာ အရေးပါတဲ့မဟာဗျုဟာလက်နက်တွေ သူ့နိုင်ငံအပိုင်းထဲဘယ်လောက်ပါသွားလဲ အစိုးရသတင်းစာ မဖတ်ချင်ဘူးဗျာ... ဘယ်မှာဖတ်ရမလဲ ၊ ဖြေကြည့်ကြပါဦး ၊

ခင်ဗျားတို့ ဒီနေ့စတုတ္ထမဏ္ဍိုင် အမည်ခံထားတဲ့သူတွေ ဘာတာဝန်ကျေသလဲ ၊ ဒီဝန်ကြီးချုပ်လဲ ဘယ်လာရုစ်နိုင်ငံရယ်လို့ ဖြစ်လာပြီးမှ မြန်မာနိုင်ငံကိုအခုမှလာဘူးတာ ၊ ဒါသမိုင်းဝင်မဟုတ်တော့ဘူးလား ၊ သမိုင်းဆိုတာ အမေရိကန်နဲ့ပတ်သက်မှဝင်သလား ၊ အမေရိကန်နောက်လိုက် ပြည်တွင်းမီဒီယာတွေ လို့ပြောရင်မကြိုက်ဘူး ၊ ခင်ဗျားတို့သတင်းစာမျက်နှာတွေ ပြန်စစ်ကြည့် ပါ ကျွန်စော်နံတဲ့ သတင်းတွေ ပဲဖတ်နေရတယ် ၊ အစိုးရနဲ့ပြည်သူကြား အထင်လွဲမလား ဒါဆိုရေးမယ် ၊ အစိုးရကိုဖိအားပေးမလား ဒါဆိုရေးမယ် ၊ အစိုးရကိုပုတ်ခတ်ပြောဆိုမလား ဒါဆိုရေးမယ် ၊ပြည်သူနဲ့အစိုးရအကြား ချစ်ကြည်မှုတိုးစေမလား မရေးဘူး ၊ အစိုးရကို ဂုဏ်တက်စေမလား ဒါဆိုလဲမရေးဘူး ခပ်ညံ့ညံ့တွေပါပဲ....၊ ပုဆိန်ရိုးမီဒီယာတွေပါပဲ ၊ ပြည်သူ့အပေါ်ဘာတာဝန်မှမကျေတဲ့ အလကား စတုတ္ထမဏ္ဍိုင်တွေပါဘဲ၊ တိုင်းပြည်ကိုအဆိပ်ခတ်နေတဲ့ အန္တရာယ် ကောင်တွေပါဘဲ ။

တစ်လောက ဆို၊ကေ၊ရး၊ တီး ပွဲလုပ်တယ် ၊ အစိုးရက ဒုသမ္မတဦးစီးပြီး လုပ်တယ် မြန်မာပြည်အရပ်ရပ်က ကလေးတွေ ပြိုင်လိုက်ကြတာ... မြန်မာ့ဂီတကွ ၊ ဒို့မြန်မာတွေဟာ ကိုယ်ပိုင်တူရိယာ ၊ကိုယ်ပိုင်စာ ၊ ကိုယ်ပိုင် ဂီတတွေနဲ့ကွ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ကွ ဆိုပြီး ဂုဏ်ယူစရာပါဘဲ....အောက်တန်းစားမီဒီယာတွေက အစိုးရလုပ်တာမို့ အမျိုး ဂုဏ်ဇာတိဂုဏ် တက်လာစရာတွေမို့ မဖေါ်ပြကြပါဘူး ၊ နောက်တစ်ခုက အမေရိကန်ကထောက်ခံတဲ့ ဒေါ်စုကြည်အဲဒီပွဲမလာတာလည်းပါတာပေါ့လေ...

ကြည့်ပါဦးဗျာ...ချစ်ဘို့ကောင်းလိုက်တဲ့ မြန်မာမလေး ပါးကွက်ကြီးနဲ့ ၊မြန်မာချည်ထည်လေးဝတ်လို့၊တယောကြီးအကြီးကြီးနဲ့ မြန်မာသီချင်းတွေကို လေ့ကျင့်နေလိုက်တာ ဒီကလေးတွေက ခင်ဗျားတို့မီဒီယာတွေနဲ့ မတန်လို့လားဗျာ...


ရန်ကုန်တိုင်းက ပြိုင်ပွဲဝင်တစ်ယောက် မနက်အစောကြီးလေ့ကျင့်နေတာဗျာ... သူတီးနေတာ မြန်မာ့ဂီတတွေလေဗျာ.. မီဒီယာတွေက ဖေါ်ထုတ်ပေးဘို့ တာဝန်လေးဘာလေးမရှိကြဘူးလားဗျာ ဒီကလေးမ အစိုးရကိုထအော်မှ ခင်ဗျားတို့အတွက် သတင်းဖြစ်မလားဗျာ






အကလည်းပြိုင် ၊ ဆိုင်းတီးလည်းပြိုင် တဲ့မြန်မာအမျိုးသမီးငယ်လေးတစ်ဦး ဟိုဘက်ပြေး ဒီဘက်ကိုပြေးနဲ့ ပြိုင်နေတာကို ယာဉ်ထိန်းတစ်ဦးနဲ့ယဉ်ကျေးမှုက ကူညီနေလိုက်တာ  နိုင်ငံ့ဝန်ထမ်းတွေက ပြည်သူကိုကူရင်သတင်းမဟုတ်ဘူး ပိုက်ဆံတောင်းတာမှသတင်းဖြစ်တာထင်နေတဲ့ ခင်ဗျားတို့စိတ်ယုတ်တွေကို အရင်ပြင်ရင်မကောင်းဘူးလား

အပေါ်က ကလေးမ အတီးပြိုင်နေတာ
ဆရာ မြန်မာပြည်ကျောက်စိမ်းနဲ့ ၊ အကယ်ဒမီ ဒီအားမိုတို့ မြန်မာ့ဂီတအတွက် ကြိုးစားနေကြတာဗျာ ၊ ကိုရဲလွင်တို့ ဆောင်းဦးလှိုင်တို့ ဇေယျာသော်တို့ ဒေါ်စုနဲ့တရုံးရုံးလုပ်နေတာမှ သတင်းထင်နေတဲ့ ခင်ဗျားတို့ရဲ့နိုင်ငံရေးအသွေးအရောင်ကို အရင်ချွတ်လိုက်ကြစမ်းပါဦးဗျာ

နောက် ဥပမာတစ်ခုရှိသေးတယ် အောက်ကပုံတွေကိုကြည့်ပါ မြန်မာနိုင်ငံရဲ့ ပထမဆုံး ရင်ချင်းဆက် အမွှာယောက်ျားလေး ရန်ရှင်းနှင့် ရန်ကင်းကို ရန်ကုန်တိုင်း ဒေသကြီး ကလေးအထူးကု ဆေးရုံကြီးမှာ  (၁၆၊ ၁၁၊ ၂၀၁၁)ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်မှ ၁၀ နာရီ ၃၄ မိနစ်ထိ အချိန် ၃ နာရီကျော်ကြာ အောင်မြင်စွာ ခွဲစိတ် ပေးနိုင်ခဲ့ပါတယ် ၊ ပရော်ဖက်ဆာ ဦးထူးဟန်နဲ့ အဖွဲ့ဝင်တွေ အထူးကြိုးစားခဲ့ကြပါတယ် ဒီခွဲစိတ်မှုအတွက် အစိုးရက ကျပ်သိန်း ၂၀၀ ကျော်အကုန်အကျခံပါတယ် The Voice Weekly ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကလွဲပြီး ဘယ်သူမှအရေးတစ်ယူလုပ်ဖေါ်ပြတာမတွေ့ရပါဘူး ဒီအတွက် The Voice ကိုလေးစားရမယ် ။

သတင်းထောက်တွေကို ကျန်းမာရေးဝန်ကြီးဌာနက ခုလိုဖိတ်ကြားပြီး ခွဲစိတ်မှုကို တိုက်ရိုက်ပြသခဲ့တယ် အောင်မြင်သွားလို့ထင်တယ် ၊ သတင်းမဖြစ်ဘူး အကယ်၍သာ တိမ်းပါး သွားကြည့်ပါလား မြန်မာ့ဆေးလောကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး သတင်းတွေဖြစ်လိုက်ကြမှာ ခုတော့ရှင်သွားလို့ ၊ အောင်မြင်သွားလို့ သတင်းမဖြစ်ခဲ့ကြဘူး


ဒီလိုနိုင်ငံ့ဝန်ထမ်းတွေကို ပြည်သူတွေချစ်လာအောင် အားကိုးလာအောင် လုပ်ဘို့ကျတော့ ခင်ဗျားတို့မှာ တာဝန်မရှိကြဘူးလားဗျာ 




ဘယ်အစိုးရအဖွဲ့ဝင်လူကြီးနဲ့မှလည်းအမျိုးမတော်ရှာပါဘူး ကိုယ်တိုင်လည်းငွေကြေးပြည့်စုံဟန်မတူပါဘူး ဒီမိဘတွေရင်ထဲမှာ ခွဲစိတ်ပေးခဲ့တဲ့နိုင်ငံဝန်ထမ်းဆရာဝန်ကြီးတွေနဲ့ ဆေးဝန်ထမ်းတွေ ၊ သိန်း၂၀၀ ကျော်စိုက်ထုတ်ပေးခဲ့တဲ့ လက်ရှိနိုင်ငံတော်အစိုးရကို ကျေးဇူးတွေတင်နေရှာမှာပဲမဟုတ်ဘူးလားဗျာ  အစိုးရကိုပြည်သူတွေ ချစ်ခင်မယ့်ကိစ္စမို့ ခင်ဗျားတို့ မဖေါ်ပြဘူးဆိုတော့ စိတ်ဓါတ်အောက်တန်းကျမနေဘူးလားဗျာ ဒီလိုမီဒီယာတွေက စတုတ္ထမဏ္ဍိုင်ဆိုပြီး အကျယ်ကြီးအော်နေတာ ကိုယ့်ကို ကိုယ်လိပ်ပြာလုံရင်တော့ အော်ကြဗျာ

( တိုင်းပြည်အကျိုးကို အမှန်လိုလားသော သတင်းစာဆရာကြီးများ ၊ မီဒီယာများ ၊ စာပေပညာရှင်များကိုမဆိုလိုပါ ထိုပုဂ္ဂိုလ်များကို အမှန်ပင်လေးစားကြောင်း ၀န်ခံပါသည် ၊ လေးလေးစားစားကန်တော့ပါသည် ။ )

ဒေါက်တာဆိတ်ဖွား