xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အမေရိကန်သူလျှိုလေယာဉ် အီရန်တို့ဖမ်းမိ

Saturday, December 10, 2011

အမေရိကန်သူလျှိုလေယာဉ် အီရန်တို့ဖမ်းမိ



အမေရိကန်တို့၏ ခေတ်အမီဆုံး မောင်းသူမဲ့ထောက်လှမ်းရေးလေယာဉ်တစ်စင်းကို အီရန်နိုင်ငံ အစိုးရပိုင်ရုပ်သံများက တရားဝင်ပြသလိုက်ပါတယ် ။ အဆိုပါလေယာဉ်ဟာ RQ-170 Sentinel အမျိုးအစားဖြစ်ပြီး အမေရိကန်တို့ရဲ့ နောက်ဆုံးပေါ်နည်းပညာသုံး လေယာဉ်ဖြစ်ပြီး ကမ္ဘာကအထူးစိတ်ဝင်စားနေတဲ့ လေယာဉ်လည်းဖြစ်ပါတယ် ။

လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က အီရန်ပိုင်နက်အတွင်းမိုင် ၁၄၀ လောက်အကွာမှာ အီရန်အီလက်ထရောနစ် စစ်ဆင်ရေးတပ်ဖွဲ့ဝင်များက လေယာဉ်ရဲ့ ထိန်းချုပ်ရေးစံနစ်ထဲဝင်ရောက်ပြီး ပျက်ကျစေခဲ့တာဖြစ်တယ် လို့လည်း အီရန်တို့ကဆိုပါတယ် ။

 
 
အဆိုပါလေယာဉ်ကို တရုတ်နဲ့ ရုရှားနိုင်ငံတို့ကလည်း ကြည့်ရှုခွင့်တောင်းထားတယ်လို့ သတင်းများအရသိရှိရပါတယ် ။ CIA ကထိန်းချုပ်ကိုင်တွယ်တဲ့ အဆိုပါထောက်လှမ်းရေးလေယာဉ်များဟာ အာဖဂန်ရှိအမေရိကန် စစ်အခြေစိုက်စခန်းတွေကနေ အီရန်နိုင်ငံထဲကို အကြိမ်ပေါင်းများစွာ ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ အီရန်ကကြေငြာပါတယ် ။