xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ရွှေည၀ါဆရာတော်နှင့်ပတ်သက်၍ နိုင်ငံတ်ာသံဃာ့မဟာနာယက အဖွဲ့မှညွှန်ကြားချက်ထုတ်ပြန်

Wednesday, December 14, 2011

ရွှေည၀ါဆရာတော်နှင့်ပတ်သက်၍ နိုင်ငံတ်ာသံဃာ့မဟာနာယက အဖွဲ့မှညွှန်ကြားချက်ထုတ်ပြန်



ဆဌအကြိမ် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ဒီဇင်ဘာလ ၁၂ ရက်စွဲပါစာအမှတ် ၁၀၀၀/ထွက်စာ/၇-စာပေစိစစ်/မနတ-၂၀၁၁ ဖြင့် ရန်ကုန်တိုင်းဒေသကြီး ၊တိုင်းဒေသကြီးသံဃနာယကအဖွဲ့သို့ ပေးပို့သော ထုတ်ပြန်ချက်အရ ရွှေည၀ါဆရာတော်သည်

(၁) ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့ပိုင် သာဓုကန်ကျောင်းတိုက်မှ ထွက်ခွာရန်။

(၂) သာသနာ့အဖွဲ့အစည်း အဆင့်ဆင့်၏ ဆုံးမညွှန်ကြားမှုကို မနာခံ၍ ဒုဗ္ဗစ ပုဂ္ဂိုလ် အဖြစ်သတ်မှတ်ရန် ။

(၃) နိုင်ငံတော်သံဃာ့နာယက အဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ သာဓုကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ်သင်ကြားခြင်းမပြုလုပ်ရန်။

ဟုပါရှိကြောင်းသိရှိရပါသည် ။
 
အဆိုပါရွှေည၀ါဆရာတော်အား နိုင်ငံတော်သံဃာ့ မဟာနာယက အဖွဲ့အပါအ၀င် သာသနာ့အဖွဲ့အစည်းအဆင့်ဆင့်မှ ဗုဒ္ဒမြတ်စွာ အဆုံးအမတော်နှင့်အညီ ကျင့်ကြံနေထိုင်ရန် ဖြောင်းဖြ ဆုံးမသော်လည်း လိုက်နာခြင်းမရှိသဖြင့် ယခုကဲ့သို့ အရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သိရှိရပါသည် ။ 

ဒုဗ္ဗစ ပုဂ္ဂိုလ်ဆိုသည်မှာဆုံးမ ပြောဆိုရခက်သူဟု အနက်ရှိပြီး ၊  တတိယ သဒ္ဓမ္မသမ္မောသသုတ် တော်လာ သာသနာပျက်ရာအကြောင်း ၅ပါး တွင် တစ်ပါးအပါအ၀င်ဖြစ်သည် ။

နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က  ဒုဗ္ဗစ ပုဂ္ဂိုလ်အဖြစ်သတ်မှတ်ခံရသော ရွှေည၀ါ ဆရာတော်