xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဒေါက်တာနေ၀င်းမောင် ရုတ်တရက် ကွယ်လွန်

Saturday, December 31, 2011

ဒေါက်တာနေ၀င်းမောင် ရုတ်တရက် ကွယ်လွန်

Living Color မဂ္ဂဇင်း၊ The Voice Weekly ဂျာနယ် တည်ထောင်သူနှင့် Myanmar Egress အား တည်ထောင်သူ တဦးဖြစ်သူ ဒေါက်တာ နေ၀င်းမောင် ဇန်န၀ါရီ ၁ ရက်နေ့ နံနက် ၁ နာရီခွဲ ၀န်းကျင်တွင် နှလုံးရောဂါဖြင့် ရန်ကုန်ဆေးရုံကြီး၌ ရုတ်တရက် ကွယ်လွန် သွားသည်ဟု သိရှိရသည်။

ဒေါက်တာနေ၀င်းမောင်သည် မီဒီယာနယ်ပယ်သာမက Capacity Building Center ဖြစ်သည့် Myanmar Egress တည်ထောင်သူ တစ်ဦးလည်း ဖြစ်သည့်ပြင် မကြာသေးမီက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရဆွေးနွေးမှုများတွင်လည်း ကြားဝင်ဆောင်ရွက်ခဲ့သူ တဦးဖြစ်သည်။ သူသည် အောင်ထွဋ် အမည်ဖြင့် စာပေ များ ၊ ဆောင်းပါးများ ကိုရေးသားခဲ့သည် ။
 သူတည်ထောင်ခဲ့သော The Voice Weekly ၏ facebook စာမျက်နှာတွင်မူ ၂၀၁၂ ကို ကျောခိုင်းသွားခဲ့သူ "အောင်ထွဋ်" ဟုဖေါ်ပြကာ သူကွယ်လွန်သွားပြီဖြစ်ကြောင်း အတည်ပြု ဖေါ်ပြထားသည် ။