xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အ၀ိစိ သွားကြမည့်သူများ

Thursday, December 15, 2011

အ၀ိစိ သွားကြမည့်သူများ

  နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ကြီးကို အပြစ်တင်မယ်ကြံရင် နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲကိုဦးဆောင်တော်မူနေကြသော ဆရာတော်ကြီးများအား မည်သူမည်ဝါ ဖြစ်တော်မူကြသည်ကို အရင်သိအောင်လုပ်ကြပါ ၊ သိပြီဆိုရင် အဲဒီလိုအရှင်သူမြတ်တွေဟာ မဟုတ်တာလုပ်မယ့်ပုဂ္ဂိုလ်တွေ ၊ အစိုးရခိုင်းတာလုပ်မယ့်ပုဂ္ဂိုလ်တွေ ဟုတ်မဟုတ် ကိုယ့်ဦးနှောက်နဲ့အရင်စဉ်းစားပါ ၊ ပြီးမှအပြစ်တင် ဘို့ဆုံးဖြတ်ပါ ။

        ဒီလိုလုပ်ရတာစဉ်းစားရတာခက်နေတယ်ဆိုရင် ခင်ဗျားတို့ရဲ့ ဒီမိုကရေစီ စံပေတံကြီးနဲ့တိုင်းပါ ၊ ၄၇ ပါးနဲ့ ၁ပါး မှာ ၄၇ ပါးကမှားနေပါတယ်ဆိုပြီး ဆုံးဖြတ်ရလောက်အောင် ဦးနှောက်ကို အ၀ိဇ္ဇာဖုံးနေပြီဆိုရင်တော့  အ၀ိစိမှာ ဒေ၀ဒတ်စောင့်နေတယ် လိုက်သွားတော်မူကြပါ ။လမ်းမှားမှာမပူပါနဲ့ ရှေ့မှာ လူမထွက်ခိုင်းတာသိသိကြီးနဲ့ လူထွက်ခိုင်းပါတယ်တို့ ၊ ဒေါ်စုကြည်ကိုးကွယ်လို့ တမင်လုပ်တာတို့ ဆိုပြီးပြသနာမကြီးကြီးအောင်လုပ်နေတဲ့ စတုတ္ထမဏ္ဍိုင်တွေ သွားနှင့်နေပါပြီ အဲဒီလူလည်တွေနောက် အသာလေးလိုက်သွားလိုက်ယုံပါဘဲ ။

ဒေါက်တာဆိတ်ဖွား