xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: သန်းထွဋ်အောင်သို့ သတိပေးချက်

Saturday, December 17, 2011

သန်းထွဋ်အောင်သို့ သတိပေးချက်

၈၈ မျိုးဆက်ကျောင်းသားတွေ ထောင်တွေကျတဲ့သူကျ ၊ နယ်စပ်တွေနဲ့ပြည်ပနိုင်ငံတွေထွက်သူထွက် လုပ်ခဲ့ကြရင်း သမိုင်းတစ်ခုကို အရင်းအနှီးကြီးကြီး ပေးဆပ်ခဲ့ကြရတယ် ၊ ဒီလိုဖြစ်ခဲ့တာဟာ တစ်ချိန်က နာမည်ကျော် ထောက်လှမ်းရေးတပ်တွေကြောင့်ဆိုတာ မီလိုက်သူတွေသိလိုက်ကြတယ် ။ မမီတဲ့သူတွေကလည်း ကြားဘူးခဲ့ကြတယ် ။

ဒီနေ့နာမည်ကြီးနေတဲ့ Eleven Media က CEO သန်းထွဋ်အောင်ကတော့ ကိုယ်နဲ့လုပ်ဖေါ်ကိုင်ဘက်တွေကို နှိမ်နင်းခဲ့ပါတယ်ဆိုတဲ့ ထောက်လှမ်းရေးကိုမှ အရှက်မရှိ ကပ်ရပ်ပေါင်းပြီး ဂျာနယ်ထုတ်တယ် ၊ သန်းကြွယ်သူဌေးကြီးလုပ်နေတယ် ၊ ဒီလိုကောင်မျိုးက သစ္စာတွေ ၊သမိုင်းတွေ လာပြီးပြောနေတာ ခွေးပါးစပ်က နတ်စကားထွက်နေသလိုပါဘဲ ။သိပ်စိတ်ပျက်ဘို့ကောင်းတယ် ၊ ကိုယ့်အကြောင်းကိုယ်သိရင် အေးအေးနေပါ ၊ ဒါနောက်ဆုံးသတိပေးတာပါဘဲ ။ 

မင်းဖေါ်ကောင်လုပ်လို့ ထောင်ထဲဝင်သွားရတဲ့သူတွေအများကြီးရှိတယ်ဆိုတာ ဘယ်သူမှမသိတော့ဘူး လို့ထင်နေလား သန်းထွဋ်အောင် .... ဟား.....ဟား....ဟား......ဒီလောက်ဆိုရင် ကိုယ်ဘယ်သူဆိုတာ မင်းသိနေလောက်ပါပြီ....ဆင်ဆင်ခြင်ခြင်နေပါမောင်ရင်....။

ဒေါက်တာဆိတ်ဖွား