xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: Eleven Media က ထိုင်းဝန်ကြီးချုပ်အား ဆဲဆိုသည့် comments များ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင်ဖေါ်ပြ ၊ နှစ်နိုင်ငံချစ်ကြည်ရေးထိခိုက်နိုင်၍ နိုင်ငံတော်သမ္မတထံ တိုင်ကြားမည်၊ မိတ္တူကို ထိုင်းဝန်ကြီးချုပ်ရုံးသို့ပေးပို့မည်

Tuesday, December 20, 2011

Eleven Media က ထိုင်းဝန်ကြီးချုပ်အား ဆဲဆိုသည့် comments များ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင်ဖေါ်ပြ ၊ နှစ်နိုင်ငံချစ်ကြည်ရေးထိခိုက်နိုင်၍ နိုင်ငံတော်သမ္မတထံ တိုင်ကြားမည်၊ မိတ္တူကို ထိုင်းဝန်ကြီးချုပ်ရုံးသို့ပေးပို့မည်

ပြည်တွင်းထုတ်ဂျာနယ်တစ်ခုဖြစ်သော Eleven Media ၏ Facebook စာမျက်နှာတွင် မြန်မာ-တရုတ် ချစ်ကြည်ရေး ၊ မြန်မာ- ထိုင်း ချစ်ကြည်ရေးနှင့် နိုင်ငံတော်အစိုးရကိုအကြည်ညိုပျက်စေမည့် comment များအား အစဉ်တစိုက် ဖေါ်ပြလျှက်ရှိရာ လတ်တလောအနေဖြင့်  ထိုင်းဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ထရာအား ဆဲဆိုထားသည့် comments များအား ဖေါ်ပြထားသည်ကို တွေ့ရှိရပါသည် ။


အဆိုပါလုပ်ရပ်သည် နှစ်နိုင်ငံချစ်ကြည်ရေးကို များစွာထိခိုက်စေနိုင်ပါသဖြင့် ယခုကဲ့သို့မဆင်မခြင် ဖေါ်ပြမှုများကို အရေးယူပေးပါရန် နိုင်ငံတော်သမ္မတကြီးထံ လိပ်မူ၍ ထိုင်းဝန်ကြီးချုပ်ရုံးသို့ မိတ္တူပေးပို့ကာ တိုင်ကြားရန် ပြည်သူအချို့က စီစဉ်နေကြောင်း သိရှိရပါသည် ။

" ကျွန်တော်တို့မှာ အထောက်အထားတွေရှိပါတယ် ၊ နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်အောင် တမင်ရည်ရွယ်လုပ်ထားတဲ့ ကော့မန့်တွေ ၊ နောက် မြန်မာတရုတ်ဆက်ဆံရေး ပျက်ပြားအောင်တမင်လုပ်နေတာတွေ  အများကြီးပါ ၊ အထောက်အထားတွေ အကုန်ရှိပါတယ် ခုဟာက ထိုင်းဝန်ကြီးချုပ်ကိုဆဲထားတာဗျာ.. ဒါကျွန်တော်တို့ထိုင်းဝန်ကြီးချုပ်ရုံးထိပို့မှာပါ  " ဟု တိုင်ကြားရန် စီစဉ်နေသူတစ်ဦးက Voice Of Myanmar ကိုပြောပါသည် ။

Voice Of Myanmar