xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: စိတ်ပျက်မိတယ် Eleven Media ရယ်.....

Friday, December 16, 2011

စိတ်ပျက်မိတယ် Eleven Media ရယ်.....



 'မီးဟုန်းဟုန်းတောက်မည့် မြန်မာပြည်'ဆောင်းပါးအား လက်ရှိနိုင်ငံတော်အစိုးရ၏ အဖွဲ့အစည်း တစ်ခုဖြစ်သော ပြည်ထောင်စု ရာထူးဝန်အဖွဲ့က မှတ်တမ်းအဖြစ် သိမ်းဆည်းထားရန် လိုအပ်နေပါကြောင်း၊ လက်ဝယ်ရှိသူအား ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်မည့်အကြောင်း ၂-၁၂-၂၀၁၁ နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် အထက်ပါအတိုင်း အသိပေးကြေညာခဲ့ပါသည်။ 

ထိုသတင်းစာကြော်ငြာချက်ကြောင့်ပင် အဆိုပါဆောင်းပါးအား လူအများစိတ်ဝင်စားခဲ့ကြပါသည် ။ ထိုသို့စိတ်ဝင်စားခဲ့ကြသော မီးဟုန်းဟုန်းတောက်မည့်မြန်မာပြည်ဆောင်းပါးကို ယခုအပတ်ထုတ် မြန်မာ တိုင်းမ် သတင်းဂျာနယ်က "၎င်း လက်ကမ်းစာစောင်သည် ယခုလက်ရှိ နိုင်ငံရေးအနေအထားနှင့် မည်သို့မျှ မပတ်သက်ကြောင်းနှင့် မည်သည့်ရည်ရွယ်ချက်သဘောမျှ မပါရှိဘဲ တစ်ခေတ်တစ်ခါက အခြေအနေတစ်ရပ်အား ဗဟုသုတရစေလိုသောဆန္ဒနှင့် စာဖတ်ပရိသတ်အတွက် မြစ်ကြီးနား မြို့ခံ တစ်ဦး၏ အကူအညီဖြင့် ဖော်ပြပေးလိုက်ပါသည်။" ဟုဆိုကာ ဖေါ်ပြလာ သဖြင့် အော်...တို့သိချင်နေတဲ့ဆောင်းပါးက ဒါပါလား ဆိုပြီးသိခွင့်ရလေသဖြင့် မြန်မာတိုင်းမ် ကို ကျေးဇူးတင်ရလေသည် ။

ဤဖြစ်စဉ်သည် ရိုးရိုးသာဖြစ်သည် ။ သို့သော် Eleven Media မှ CEO ဆိုသူ သန်းထွဋ်အောင်အဖို့ကား အဆန်းကြီး ဖြစ်နေလေ၏ ။ ထိုဆောင်းပါးသည် သမိုင်းအမှားကိုဖေါ်ပြနေသည်ဟု ဆိုပြန်လေ၏ ။ထို့အပြင် မြန်မာတိုင်းမ်ကလည်း တမင်ရည်ရွယ်ချက်ရှိရှိဖြင့် ထည့်သည်ဟူ၍ စွပ်စွဲကာ Eleven ၏ဖေ့စ်ဘုတ်စာမျက်နှာတွင် မနေနိုင်မထိုင်နိုင်ဖေါ်ပြ လာလေ၏ ။ ပို၍ရယ်စရာကောင်းသည်မှာ တစ်သက်လုံးအစိုးရသတင်းစာကို အစိုးရအာဘော်တွေ ၊ မမှန်ဘူး ၊ လိမ်နေတာ စသည်ဖြင့် စွပ်စွဲခဲ့သူက ယခုအခါတွင်မူ အစိုးရသတင်းစာသည် သမိုင်းမှန်များဖြစ်သည်ဟု ဆိုကာ ၊ အဆိုပါသတင်းစာများကို ကိုးကား၍ ဖေါ်ပြလာခြင်းပင်ဖြစ်သည် ။အံ့ဖွယ်အရူးပါတကား ။


သန်းထွဋ်အောင်၏ အဆိုပါဖေါ်ပြချက်အောက်တွင် Eleven Media ၏အယ်ဒီတာချုပ် လူတတ်ကြီးဝေဖြိုး၏ ဟာသ မှတ်ချက်တစ်ခုကိုလည်း အောက်ပါအတိုင်း ဖတ်ရှုနိုင်ပါသည် ။





သူ၏ဖေါ်ပြချက်အရဆိုလျှင် ၈၄ - ၈၅ ခုနှစ်တွင် ဆေးတက္ကသိုလ် (၁) မှ ကျောင်းပြီးသူက နောက် ၃ နှစ်အကြာ ၁၉၈၈ ခုနှစ်တွင် ဗိုလ်မှူးကြီး ( အငြိမ်းစား ) ဖြစ်နေပြီဟု မှတ်ယူရမလိုဖြစ်နေ၏ ။အောက်ကတစ်ယောက်ကလည်း အရူးဘုံမြှောက်ဆိုသလို Thank you တွေဘာတွေလုပ်လို့ ၊  Like လုပ်တဲ့သူတွေကလုပ်ကြ ။ စိတ်ပျက်စရာကောင်းလှပါ၏ ။

ဘုန်းကြီးရူးနှင့်လှေလူး  တို့ပါတကား ၊ မသူတော်ချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့နေကြ ကုန်သော မြန်မာပြည်ပါတကား ။ အရူးတို့ရှေ့တန်းရောက်နေသော မြန်မာ့ စတုတ္ထမဏ္ဍိုင်ပါတကား ။

မှတ်ချက် ။      ။ မြန်မာ့တပ်မတော်တွင် ဒုတိယဗိုလ်မှူးကြီး အဆင့်အထိတာဝန်ထမ်းဆောင်ခဲ့ပြီး မိမိဆန္ဒအလျောက် တပ်မတော်မှ နှုတ်ထွက် ၊ အငြိမ်းစားယူကာ ယခုအခါ ပြည်ပတွင်အခြေချ နေထိုင်သူ ဒေါက်တာဇေစိုး ဆိုသူတစ်ဦးကား ရှိခဲ့ဘူးပါသည် ၊ သို့ရာတွင် ဤဆောင်းပါးကို သူရေးမရေး ကျွန်ုပ်အနေဖြင့်မသိပါ ၊ ကျွန်ုပ်၏ အရာလည်း မဟုတ်ပါ ။

ဒေါက်တာဆိတ်ဖွား