xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: စိတ်ပျက်မိတယ် စတုတ္ထမဏ္ဍိုင်ရယ် ( ၄ )

Thursday, December 1, 2011

စိတ်ပျက်မိတယ် စတုတ္ထမဏ္ဍိုင်ရယ် ( ၄ )

"အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးတစ်ဦး၏ နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်ခရီးစဉ်အဖြစ် ဟီလာရီကလင်တန်လာရောက်မှုကို ကမ္ဘာ့မီဒီယာများနှင့် ပြည်တွင်းပုဂ္ဂလိက ဂျာနယ်များတွင် အကျယ်တ၀င့်ဖော်ပြခဲ့သော်လည်း အစိုးရပိုင်မီဒီယာများတွင် သာမန်မျှဖော်ပြ"

ဆိုပြီးတော့ ပြည်တွင်းက ELEVEN MEDIA ရဲ့ အွန်လိုင်းစာမျက်နှာတွေမှာ တွေ့ပါတယ် သူဆိုလိုတာကတော့ ကလင်တန်လာတာကို ပျာပျာသလဲမလုပ်လို့ မကျေမနပ်ဖြစ်နေဟန်တူပါတယ် ... ကိုယ့်နိုင်ငံက သမ္မတနဲ့ အစိုးရအဖွဲ့ကို အမေရိကန်က ၀င်ခွင့်တောင်မပြုဘူးဗျာ.. ဒါကိုတော့ကျေနပ်နေတယ်  သူတို့ဆီကလာရင်တော့ ဖင်မနေရမယ် ခုတော့သာမန်ဖေါ်ပြလို့ မကျေနပ်ဘူးဆိုတဲ့သဘောမျိုးဖြစ်နေပါတယ် ။

နောက်ပြီး အဲဒီစာမျက်နှာမှာပဲ " အမေရိကန် ပြန်လာပြီ "ဆိုပြီး  ဆောင်းပါးဖေါ်ပြချက်တစ်ခု ကိုလည်း တွေ့ရပါသေးတယ် အမေရိကန်လာတာကို အထူးပျော်ရွှင်နေသလိုပါဘဲ...


   ကိုယ့်တိုင်းပြည်ကအောက်ကျို့ ဆက်ဆံမှ အောက်တန်းနောက်တန်းကျနေမှ ကျေနပ်နေမယ့် သဘောမျိုး ဖြစ်ပါတယ် ... မျိုးချစ်စိတ်ဆိုတာဘယ်မှာလဲ တိုင်းပြည်ချစ်တယ်ဆိုတာဘယ်မှာလဲ ဆိုတာမေးရတော့မှာပါ ... စတုတ္ထမဏ္ဍိုင်ရဲ့ မူလတာဝန်ကျေပါရဲ့လား ၊ ရေးသားချက်တွေဟာ တရားမျှတမှုရှိပါရဲ့လား နိုင်ငံတစ်ခုနဲ့တစ်ခု တန်းတူရည်တူဆက်ဆံရမယ်ဆိုတဲ့ ကုလပဋိဥာဉ်ပေါ်မှာ အခြေခံပါရဲ့လားမေးရမလိုဖြစ်နေပါပြီ .. ဒီလောက်တောင်ဖြစ်နေရင် ELEVEN MEDIA ဆိုတဲ့နာမည်အစား AMERICA MEDIA GROUP ဆိုပြီးနာမည်ပြောင်းလိုက်ပါလားဗျာ... ။

ပုဆိန်ရိုးတွေလို့ပြောရင်ကြိုက်မှာမဟုတ်ဘူး တိုင်းပြည်ကိုယ်စား ပြည်သူတွေကိုယ်စား ရှက်တယ်ဗျာ..... 

ဒေါက်တာဆိတ်ဖွား

စကားချပ် ။   ။ ဒီလိုပြောနေတာ ခင်ဗျားတို့ လုပ်နေတာတွေဟာ ရိုးသားမှုကိုအခြေမခံလို့ပြောနေတာ ၊ တိုင်းပြည်ချစ်တဲ့စိတ်ကိုရှေ့တန်းမတင်လို့ပြောနေတာ ၊ မြန်မာ့အလင်းတို့ ကြေးမုံတို့ကိုကြိုက်လို့မဟုတ်ဘူး ....အဲဒီသတင်းစာတွေရဲ့သတင်းတင်ဆက်ပုံတွေကို ကျုပ်လဲမကြိုက်ဘူး.. ဗြောင်ပဲဗျာ...။