xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အမေရိကန် မောင်းသူမဲ့ထောက်လှမ်းရေးလေယာဉ် ကျူးကျော်မှု လုံခြုံရေးကောင်စီသို့ အီရန်တိုင်ကြား

Monday, December 12, 2011

အမေရိကန် မောင်းသူမဲ့ထောက်လှမ်းရေးလေယာဉ် ကျူးကျော်မှု လုံခြုံရေးကောင်စီသို့ အီရန်တိုင်ကြား



အီရန်နိုင်ငံ၏ ပိုင်နက်နယ်မြေအတွင်းသို့ အမေရိကန်ပြည်ထောင်စုက မောင်းသူမဲ့ အဆင့်မြင့် ထောက်လှမ်းရေးလေယာဉ်များစေလွှတ်ကာ ကျူးကျော်ဝင်ရောက်ပြီး ရန်လိုသည့် အပြုအမူများဆောင်ရွက်လျက်ရှိရာ ယင်းကိစ္စကို ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တရားဝင်တိုင်ကြား ထားပြီဖြစ်ကြောင်း အီရန်နိုင်ငံကကြေငြာပါသည် ။

လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က အီရန်ပိုင်နက်အတွင်းမိုင် ၁၄၀ လောက်အကွာမှာ အီရန်အီလက်ထရောနစ် စစ်ဆင်ရေးတပ်ဖွဲ့ဝင်များက လေယာဉ်ရဲ့ ထိန်းချုပ်ရေးစံနစ်ထဲဝင်ရောက်ပြီး အပျက်အစီးမရှိပဲ ဆင်းသက်စေခဲ့တာဖြစ်တယ် လို့လည်း အီရန်တို့ကဆိုပါတယ် ။

 အဆိုပါလေယာဉ်ဟာ RQ-170 Sentinel အမျိုးအစားဖြစ်ပြီး အမေရိကန်တို့ရဲ့ နောက်ဆုံးပေါ် နည်းပညာသုံး လေယာဉ်ဖြစ်ပြီး ကမ္ဘာကအထူးစိတ်ဝင်စားနေတဲ့ လေယာဉ်လည်းဖြစ်ပါတယ် ။ အီရန်တို့ရဲ့ ပြောကြားချက်များနဲ့ပတ်သက်ပြီး အမေရိကန်တို့က တစ်စုံတစ်ရာတုန့်ပြန် ပြောကြားခဲ့ခြင်းမရှိကြောင်းလဲ သိရပါတယ် ။

အဆိုပါတိုင်ကြားစာကို ကုလသမဂ္ဂ ဆိုင်ရာ အီရန်နိုင်ငံသံအမတ်ကြီး မိုဟာမက်ခါဇီးက လုံခြုံရေးကောင်စီသို့ ပေးပို့ခဲ့တာဖြစ်ကြောင်းသတင်းရရှိပါတယ် ။