xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: နိုင်ငံ့ဝန်ထမ်းလုပ်ကြမလား ၊ စိတ်ဓါတ်တွေကိုပြင်မလား

Monday, December 5, 2011

နိုင်ငံ့ဝန်ထမ်းလုပ်ကြမလား ၊ စိတ်ဓါတ်တွေကိုပြင်မလား

ကိုယ်တိုင်လည်း ဒုက္ခရောက်မှာစိုးလို့ နိုင်ငံ့ဝန်ထမ်းမလုပ်ဘူး ၊ ကိုယ့်သားသမီးတွေကိုလည်း ဆင်းရဲမှာစိုးလို့ နိုင်ငံ့ဝန်ထမ်းမလုပ်ခိုင်းဘူး  လုပ်နေတဲ့နိုင်ငံဝန်ထမ်းတွေကိုကြတော့ ထိုင်ပြီးအပြစ်ပြောနေတဲ့ လူတွေလောက် စိတ်ဓါတ်အရာမှာ အောက်တန်းကျတဲ့သူမရှိဘူး.......

ဒေါက်တာဆိတ်ဖွား


ခုတစ်လောစာတွေမှာ နိုင်ငံ့ဝန်ထမ်းနေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို သမ္မတကစပြီး အောက်ဆုံးအဆင့် ၀န်ထမ်းလေးအထိ ပြည်သူကပေးတဲ့ လစာရိက္ခာကိုစားတဲ့ ပြည်သူ့ဝန်ထမ်း များ ဖြစ်ကြတယ်။ ပြည်သူ လူထုဟာ ကျေးဇူးရှင် ထမင်းရှင်များဖြစ်တယ်။ ၀န်ထမ်းတွေဟာ ပြည်သူရဲ့အစေခံဖြစ်တယ် ဆိုတဲ့အယူအဆကို ရှေ့တန်းတင်ပြီးရေးနေကြ ၊ ပြောနေကြတာကိုတွေ့ရတယ်။
 
ဒီလိုပြောနေကြ ၊ ရေးနေကြတဲ့အထဲမှာ ပညာတတ်ပါတယ်ဆိုတဲ့ ပညာရှင်တွေလဲပါတယ် ၊ နိုင်ငံကျော်ပါတယ် ဆိုတဲ့ စာရေးဆရာတွေလဲပါတယ် ၊ လူတွေကလေးစားပါတယ် တဲ့ နိုင်ငံရေးသမားတွေလဲပါတယ် ဒီလူတွေကို ဘယ်လိုနားလည်ရမှန်းမသိအောင်ဖြစ်ရတယ် ။
 
ကျွန်တော်ကတော့ဒီအယူအဆကိုလက်မခံဘူး ကိုလိုနီခေတ် ကျွန်ဖြစ်တုန်းက မျိုးချစ်စိတ်အရင်းခံပြီး ပြောခဲ့တဲ့စကားတွေသာဖြစ်တယ်လို့ ယူဆတယ် ၊ဒီနေ့ခေတ်မှာတော့ လုပ်အားတန်ဘိုးပေးဆပ်ပြီး နိုင်ငံဝန်ထမ်းနေတဲ့သူတွေရော ၊ ကိုယ့်ဝန်ကိုယ်ထမ်းပြီးအခွန်ဆောင်နေတဲ့ သူတွေရော အားလုံးဟာအတူတူဖြစ်တယ် အပြန်အလှန် အကျိုးပြုနေကြသူတွေဖြစ်တယ် ဘယ်သူကသခင် ဘယ်သူက အစေခံဆိုတဲ့စိတ်ဓါတ်မျိုး မြန်မာမြန်မာချင်း ထားဘို့မသင့်ဘူး အပြန်အလှန်လေးလေးစားစားရှိဘို့ပဲလိုတယ်......ဘာမှမလုပ်ပဲငုတ်တုတ်ထိုင်ပြီးပြည်သူ့ ဆီကအခွန်ကို ထိုင်စားနေတဲ့နိုင်ငံ့ဝန်ထမ်းဆိုလို့ တစ်ယောက်တစ်လေမှမရှိဘူး....
 
တစ်ခုတော့ရှိတယ် ပြည်သူ့အခွန်စားရင်ပြည်သူ့အစေခံဘဲဆိုတဲ့ တစ်ယူသန်အယူအဆမျိုး ရှိတဲ့လူတွေရှိနေတယ်ဆိုရင်လဲ သားတကွဲမယားတကွဲ မိတကွဲဖတကွဲနဲ့အပြင် အသက်နဲ့ပါ ရင်းပြီး နိုင်ငံကာကွယ်ရေးလုပ်နေတဲ့စစ်သည်လေးတွေကို တစ်လ ၂၂၀၀၀ ကျပ်ပဲပေးနေတာ ၊ ဘ၀ရဲ့အချိန်တွေကိုပညာသင်တဲ့အလုပ်နဲ့ရင်းနှီးကုန်ဆုံးခဲ့ပြီး မနက်ကနေညနေ ထိ အာပေါက်အောင် သင်နေ တဲ့ဆရာတွေကို  တစ်လ ငွေ ၃သောင်းလောက်နဲ့ ခိုင်းနေတာတွေဟာ တန်ရာတန်ဘိုးမဟုတ် ဘူးဖြစ်နေတယ် ၊ခြုံပြောရရင် သခင်ဆိုတဲ့သူတွေက အစေခံဆိုတဲ့သူတွေကို ပေးတဲ့အခကြေးငွေဟာ သိပ်နည်းနေတယ် မတရားသဖြင့်ခိုင်းနေသလိုဖြစ်နေတယ် အခွန်လျော့ဘို့တောင်းဆိုမယ့်အစား အခွန်တိုးဆောင်ဘို့ တောင်း ဆိုရမယ် ။ဒီလိုမဟုတ်ဘူးလား....။

 ဒီလိုပြောလို့ နိုင်ငံ့ဝန်ထမ်းတွေကရော စင်းလုံးချောကောင်းနေကြလို့လား လို့မေးချင်မေးကြလိမ့်မယ် ၊ နိုင်ငံဝန်ထမ်းမှမဟုတ်ပါဘူး စာရေးဆရာတွေထဲမှာဖြစ်ဖြစ် ၊ စီးပွားရေးသမားတွေမှာပဲဖြစ်ဖြစ် ၊ အနုပညာသည်တွေမှာပဲဖြစ်ဖြစ် ၊ စာနယ်ဇင်းလောကသားတွေမှာပဲဖြစ်ဖြစ် ၊ နိုင်ငံရေးသမားတွေ မှာပဲ ဖြစ်ဖြစ် ဘယ်လူ့အဖွဲ့အစည်းမှာမဆို ဖေါက်ပြန်တဲ့သူတွေရှိစမြဲပါဘဲ.. ၊ ဒါဓမ္မတာပါဘဲ ၊ ဘယ်လူ့အဖွဲ့အစည်းမှ စင်းလုံးချော ကောင်းနေတယ်လို့မရှိပါဘူး  မကောင်းတာချင်းအတူတူ နိုင်ငံဝန် ထမ်းတွေကိုမှ ရွေးပြီးအပြစ်တင်နေကြတာကို ထောက်ပြချင်တာပါ ။



ဒီနေ့နိုင်ငံဝန်ထမ်းလုပ်နေတဲ့သူတွေသာ ခင်ဗျားတို့ပြောသလို တန်မှလုပ်မယ်ဆိုတဲ့ စိတ်မျိုးထားနေရင် နိုင်ငံဝန်ထမ်း လုပ်မယ့်သူတောင်ရှိမှာမဟုတ်ဘူး.. .နေပူမရှောင် မိုးရွာမရှောင် နိုင်ငံကာကွယ်ရေးတာဝန်ထမ်းနေ တဲ့တပ်မတော်သားတွေ  ၊ နေ့ည ၂၄ နာရီဆိုသလိုသူများအငြိုငြင်ခံပြီး တရားဥပဒေစိုးမိုးရေးဆောင် ရွက်နေကြတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ ၊ မနက်ကညနေထိ အာပေါက်လုမတတ်ကလေးတွေကို ပညာသင်ပေးနေတဲ့ကျောင်းဆရာဆရာမတွေ ၊ ကျန်းမာရေးစောင့်ရှောက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ တရားရေးဝန်ထမ်းတွေ အစရှိတဲ့ အားလုံးသော နိုင်ငံ့ဝန်ထမ်းတွေဟာ အခုရတဲ့လစာငွေလောက်နဲ့ လုပ်နေကြတာဟာ ၀မ်းရေးတစ်ခုတည်းကြောင့်လို့ ထင်နေတဲ့ ခပ်ညံ့ညံ့အတွေးအခေါ်မျိုးကို ထုတ်ပစ်လိုက်ဖို့လိုပါပြီ...မျိုးချစ် စိတ်တွေဘာတွေကြီးကြီးကျယ်ကျယ်ပြော မနေချင်တော့ပါဘူး...လွယ်တယ် ထင်ရင် ခုပဲနိုင်ငံဝန်ထမ်း ၀င်လုပ်ကြည့်လိုက်ပါ...၀င်မလုပ်ရင် လဲ တောင်ပြောမြောက်ပြောပြောတာတွေ ပြင်ကြပါ...ဒါပါပဲ


ဒေါက်တာဆိတ်ဖွား

 ( ဖြတ်သန်းလာသည့် ဘ၀အခြေအနေအရ နိုင်ငံဝန်ထမ်း လုပ်ရန်အခြေအနေမပေးသူများ လည်းရှိကြောင်း  သဘောပေါက်နားလည်ပါသည် ထိုသို့ အေးချမ်းစွာနေထိုင်ကြ သူ ပြည်သူများအားလေးလေးစားစား ရှိပါသည် ။ )