xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: NLD နှင့် ရွေးကောက်ပွဲကော်မရှင်တွေ့ဆုံ

Friday, December 23, 2011

NLD နှင့် ရွေးကောက်ပွဲကော်မရှင်တွေ့ဆုံ


ဦးတင်ဦး ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီတာဝန်ရှိသူများသည် နေပြည်တော်သို့ ယနေ့ နံနက် ၈ နာရီခန့်တွင်ရောက်ရှိလာပြီး နေပြည်တော်ရှိ တော်ဝင်နေပြည်တော် ဟိုတယ်တွင်ခေတ္တ တည်းခိုကာ ၁၀ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ သွားရောက်ကာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး ဦးဆောင်သော ကော်မရှင် အဖွဲ့ဝင်များနှင့်ပါတီမှတ်ပုံတင်ရေးကိစ္စ တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည် ။
ထိုသို့တွေ့ဆုံရာတွင် ကော်မရှင် ဘက်မှ ဥက္ကဌဦးတင်အေး၊အဖွဲ့ဝင်များအဖြစ် ဦးမြင့်နိုင် ၊ဦးအောင်မြင့် ၊ ဦးသာဦး၊ Dr.ဒေါ်မြင့်ကြည်၊ ဦးဝင်းကြည် ၊ဦးညွန့်တင်နှင့် ဦးဝင်းကို တို့ပါဝင်ပြီး NLD ပါတီမှ ဦးတင်ဦး ၊  ဒေါ်အောင်ဆန်းစုကြည်၊  ဦးဥာဏ်ဝင်း၊ ဦးခွန်သာမြင့်နှင့်ဒေါက်တာငယ်ငယ် တို့တက်ရောက်ကြကြောင်း သတင်းရရှိပါသည် ။