xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဂျပန်နှင့် အာဆီယံနိုင်ငံများမှ GSM ဖုန်းများ ပြည်တွင်း၌ အသုံးပြုနိုင်ပြီ

Tuesday, December 13, 2011

ဂျပန်နှင့် အာဆီယံနိုင်ငံများမှ GSM ဖုန်းများ ပြည်တွင်း၌ အသုံးပြုနိုင်ပြီ





ရန်ကုန်၊ ဒီဇင်ဘာ-၁၂
အာဆီယံနိုင်ငံဆယ်နိုင်ငံအပါအ၀င် ဂျပန်နိုင်ငံမှ ဂျီအက်စ်အမ်မိုဘိုင်းဖုန်းများကို မြန်မာနိုင်ငံသို့ သယ်ဆောင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းဌာနမှသတင်းရရှိသည်။

အဆိုပါ နိုင်ငံ  ၁၁ နိုင်ငံမှ ဂျီအက်စ်အမ်မိုဘိုင်းဖုန်းများကို မြန်မာနိုင်ငံသို့ သယ်ဆောင်လာပြီး အသုံးပြုနိုင်မည့်စနစ်ကို Mobile  Inbound System ဟုခေါ်ဆိုပြီး ယင်းဖုန်းများကို သယ်ဆောင်အသုံးပြုမည့်သူများအနေဖြင့် သက်ဆိုင်ရာနိုင်ငံအသီးသီးမှ သတ်မှတ်ထားသော (နိုင်ငံတကာသို့သယ်ဆောင်အသုံးပြုသည့်အတွက်ကျသင့်သည့် တယ်လီဖုန်းဘီလ်) ဖုန်းဘီလ်များကို ပေးဆောင်ရမည်ဖြစ်သည်။
 
မြန်မာနိုင်ငံမှ အာဆီယံနှင့် ဂျပန်နိုင်ငံများသို့ သယ်ဆောင်အသုံးပြုနိုင်မည့် Outbound System ကိုမူ ၂၀၁၂ နှစ်ဆန်းပိုင်းတွင် သုံးစွဲနိုင်တော့မည်ဖြစ်ပြီး ယခုလက်ရှိအချိန်တွင်မူ   ယင်းဝန်ဆောင်မှုအတွက် လုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ကြောင်း အထက်ပါလုပ်ငန်း၏ တာဝန်ရှိသူက 7 Day News သို့ပြောသည်။


 
အထက်ပါကဲ့သို့ မြန်မာနိုင်ငံမှ အာဆီယံနိုင်ငံများနှင့် အခြားသောနိုင်ငံများသို့ ဂျီအက်စ်အမ်မိုဘိုင်းလ်ဖုန်းများကို သယ်ဆောင်သွားကာအသုံးပြုနိုင်မည့် Outbound System ကို အသုံးပြုနိုင်မည်ဆိုပါက ဖုန်းဘေလ်များမှာ လက်ရှိပြည်တွင်းခေါ်ဆိုမှုများအတွက်သာ သက်မှတ်ထားသော နှုန်းထားများနှင့်မတူညီပဲ ပိုမိုများပြားသွားနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
 
လက်ရှိအချိန်တွင် စတင်အသုံးပြု နိုင်နေပြီဖြစ်သည့် အာဆီယံအပါအ၀င် ဂျပန်နိုင်ငံမှ ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများကို Inbound System သည် ယခုလ ပထမပတ် အတွင်းမှစတင်ကာ နေပြည်တော်ခရိုင်တွင်ပြုလုပ်ခဲ့သည့် အာဆီယံဆက်သွယ်ရေးဝန်ကြီးများ အစည်းအဝေးမှ စတင်အသုံးပြုနိုင်ခဲ့ခြင်းဖြစ်သည်။

7 Days News