xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ပြင်းထန်သောမီးလောင်ပေါက်ကွဲမှုတစ်ခု ရန်ကုန်မြို့တွင်ဖြစ်ပွား

Wednesday, December 28, 2011

ပြင်းထန်သောမီးလောင်ပေါက်ကွဲမှုတစ်ခု ရန်ကုန်မြို့တွင်ဖြစ်ပွား

ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ် စက်ဆန်း  ကူးတို့ဆိပ် ရပ်ကွက်အတွင်းရှိ မေတ္တာမွန် ဂိုဒေါင်အတွင်း ပြင်းထန်စွာ ပေါက်ကွဲမှု တစ်ခု ယနေ့ နံနက် ၂ နာရီ ခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည် ။
 အဆိုပါပေါက်ကွဲမှုမှာ အနီးတစ်ဝိုက်ရှိအဆောက်အဦများ ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားပြီး မှန်များကွဲကျခဲ့သည်အထိ  ပြင်းထန်ကြောင်းနှင့် မြောက်ဒဂုံမှပင် အဆိုပါ ပေါက်ကွဲသံကို အကျယ်ကြီးကြား၇ကြောင်း ဒေသခံများကပြောကြားပါသည် ။
အခင်းဖြစ်ပွားသည့် ကူးတို့ဆိပ်လမ်းရှိ ဂိုထောင်ဝန်းအတွင်း စုစုပေါင်း ဂိုထောင် ၃၂ လုံးအနက်မှ ဂိုထောင် တစ်လုံးမှ မီးစတင်လောင်ကျွမ်းပြီး ၁၀ မိနစ်ခန့်အကြာတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရပါသည် ။ အဆိုပါ မီးလောင်ပေါက်ကွဲမှုကြောင့် အသေအပျောက် ၁၀ ဦးခန့် ရှိမည်ဖြစ်ပြီး သေဆုံးသူထဲတွင်  မီးသတ်တပ်ဖွဲ့ဝင် ၂ ဦးပါဝင်ကြောင်း လည်းသိရပါသည် ။ အခင်းဖြစ်ပွားရာတွင် ရောက်ရှိနေသူ တစ်ဦးက သေဆုံးမှုမှာ ဒီထက်ပိုနိုင်ကြောင်း ပြောကြားပါသည် ။
 မီးလောင်ပေါက်ကွဲမှုကြောင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ယနေ့ နံနက် ၄ နာရီအထိ ရောက်ရှိလာသော လူနာစုစုပေါင်း ၅၈ ဦးရှိပြီဖြစ်ပြီး သေဆုံးသူ ၁၁ ဦးလည်း ရောက်ရှိလာကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်ကို  ကိုးကား၍ 7 Days ၏ facebook စာမျက်နှာတွင် ဖေါ်ပြထားပါသည် ။ 
 မည်သည့်အတွက်ကြောင့် ထိုသို့ မီးလောင်ပေါက်ကွဲမှုဖြစ်ခဲ့ရကြောင်း အတည်ပြုချက်မရရှိသေးပေ ။ ဒုက္ခသည်များအား မင်္ဂလာတောင်ညွန့်မြို့နယ် အ.မ.က (၂၀) ၊ (၂၄)နှင့်ပုသိမ်ညွန့်ခြောက်လမ်းထိပ်ရှိ မဟာဝိဇယာရာမကျောင်းတိုက်တို့တွင် သက်ဆိုင်ရာက အရေးပေါ်ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားကြောင်း သတင်းရရှိပါသည် ။