xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဗြိတိန်တွင် ပင်စင်ဖြတ်တောက်မှုကြောင့် သန်းနှင့်ချီသောဝန်ထမ်းများဆန္ဒပြ

Thursday, December 15, 2011

ဗြိတိန်တွင် ပင်စင်ဖြတ်တောက်မှုကြောင့် သန်းနှင့်ချီသောဝန်ထမ်းများဆန္ဒပြ

Public sector workers take part in a march on Thursday in Bristol, England.

ဗြိတိန် နိုင်ငံတွင် အစိုးရက စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ခန့်မှန်းချက် များကို လျှော့ချ၍ အသုံး စရိတ်များ ဖြတ်တောက်ပြီး ပင်စင် လစာများ ကိုလည်း အပြောင်းအလဲ ပြုလုပ်ခဲ့ရာ အစိုးရ ဝန်ထမ်းနှစ် သန်းခန့်အထိ ပါဝင်သော ဆန္ဒပြ မှုများ ဖြစ်ပေါ်ခဲ့သည်။ ဆယ်စုနှစ် များစွာအတွင်း အကြီးမားဆုံး အလုပ်ခွင်မှထွက် ၍ ဆန္ဒပြမှုဟု သမဂ္ဂများက ပြောကြားသည့် ကန့်ကွက်မှုကြောင့် စာသင် ကျောင်းများစွာ ပိတ်ထား ရပြီး ဆေးရုံ များမှာလည်း ဝန်ထမ်း အနည်းငယ် ဖြင့်သာ လည်ပတ် နေရကာ ဒေသခံ အာဏာပိုင် အဖွဲ့များ လျော့နည်းသွားသည်။
 
 
သို့သော် ကမ္ဘာပေါ်တွင် လူအရှုပ်ဆုံး လန်ဒန် ဟိသရိုး လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေး အရာရှိများ အလုပ်လာဆင်းခဲ့ကြ ၍ ကြာရှည်သော စောင့်စားရမှု အနှောင့်အယှက်များ ရှိလာလိမ့်မည် ဟူသော စိုးရိမ်မှုများ ပြေ ပျောက်ခဲ့သည်။ ယခု သပိတ်မှောက် ဆန္ဒပြ ခြင်းမှာ ဝန်ကြီးချုပ်ဒေးဗစ်ကင် မရွန်းအစိုးရအတွက်အကြီးမား ဆုံး သောစမ်းသပ်မှုဖြစ်လာသည်။

  အစိုး ရက ဝန်ထမ်း များ၏ ပင်စင်ကို တိုး၍ဖြတ်တောက်ရန်နှင့် ပင်စင် ယူနိုင်သည့် အသက်ကိုလည်း တိုး မြှင့်ခဲ့ရာ အလုပ်သမားသမဂ္ဂများ အား ဒေါသထွက်စေခဲ့သည်။
 
အစိုးရအလုပ်အကိုင် သုံးသိန်းလျှော့ချ၍ ပင်စင်အတွက် ပို၍ ဖြတ်တောက်မည့် သူများထဲ တွင် ကျောင်းဆရာများ၊ သူနာပြု များနှင့် စစ်သားများလည်းပါဝင် ကြောင်း ဘဏ္ဍာရေးဝန်ြကီး ဂျော့ခ်ျ အော့စ်ဟွန်းကပြောကြားခဲ့ရာ လူ အများ၏ ဒေါသထွက်မှုပိုမိုဆိုးရွား လာခဲ့သည်။ အစိုးရဝန်ထမ်းများ အား ၂ နှစ်အတွင်း ၁ ရာခိုင်နှုန်း သာ လခတိုးပေးမည်ဟု ဘဏ္ဍာ ရေးဝန်ကြီးက ကြေညာခဲ့သည်။