xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အကျဉ်းသားတွေလွတ်မြောက်ဘို့ တောင်းပုံဆိုပုံပြင်ကြစို့

Thursday, December 8, 2011

အကျဉ်းသားတွေလွတ်မြောက်ဘို့ တောင်းပုံဆိုပုံပြင်ကြစို့

အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဘုရင်စံနစ်ကျင့်သုံးပါတယ် ထိုင်းပြည်သူတွေ အများစုကလည်း ထိုင်းဘုရင်ကြီးကို ကြည်ညိုလေးစားကြပါတယ် ။ ဥပဒေကလည်း ထိုင်းနိုင်ငံရဲ့ဘုရင်စံနစ်ကို အကာအကွယ်ပေးထားပါတယ် ။ ဘယ်လိုပဲကြိုက်တဲ့သူတွေများတယ်ဆိုပေမယ့် ဘုရင်စံနစ်ဟာ ခုကာလမှာ ခေတ်နဲ့မလျော်ညီတော့ဘူးလို့ ယုံကြည်ပြီး ကန့်ကွက်ဝေဖန်သူတွေအချို့လဲ ရှိပါတယ် ။ ဒါလည်းသဘာဝကျတဲ့ကိစ္စပဲဖြစ်ပါတယ် ။ လူအမျိုးမျိုးစိတ်အထွေထွေ ဆိုတာလို သဘောထားတွေလည်းဘယ်တူညီနိုင်ပါ့မလဲ ။ ဒီလိုသဘောထားမတူသူတွေကို ဥပဒေနဲ့ထိန်းကျောင်းနေတာမြင်ရပါတယ် ။

ထိုင်းဝန်ကြီးချုပ် သမီးတော် သီရိဒုံထံတွင် အခစားဝင်နေစဉ်

လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ထိုင်းဘုရင်စံနစ်ကိုဝေဖန်တဲ့ စာတွေကို SMS ကနေတစ်ဆင့် ဖြန့်ဝေခဲ့တဲ့ ထိုင်းနိုင်ငံသားတစ်ဦးကို ထိုင်းတရားရုံးက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ပါတယ် ။ ဒီဖြစ်စဉ်ကိုကြည့်ရင် ထောင်ချခံရသူကို ယုံကြည်ချက်ကြောင့်လို့ အမည်တပ်ရမလား ၊ ဥပဒေတစ်ခုခုကိုကျုး လွန်လို့ အရေးယူတယ်လို့ ပြောရမလား စဉ်းစားစရာဖြစ်လာပါတယ် ။ ထိုင်းအစိုးရကိုသွားမေးရင်တော့ ဥပဒေကျူးလွန်လို့ လို့ပြောမှာဖြစ်သလို ထောင်ကျခံရသူကိုသွားမေးရင်တော့ SMS လေးပို့မိတာ မတရားထောင်ချပါတယ်တို့ ၊ ယုံကြည်ချက်ကြောင့်တို့ လို့ပြောကြမှာပါဘဲ ။ ထိုင်းအစိုးရကို ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူရှိလားလို့ ခုနေသွားမေးရင် မရှိဘူးလို့ပဲဖြေမှာပါ ။

မြန်မာပြည်မှာလဲဒီအတိုင်းဖြစ်ပါတယ် အတိုက်အခံအုပ်စုက ယုံကြည်ချက်ကြောင့်လို့ပြောနေသူတွေကို အစိုးရကို ဘာလို့ထောင်ချထားလဲလို့သွားမေးရင် ဥပဒေတစ်ခုခုကိုကျူးလွန်လို့လို့ဖြေမှာပါဘဲ ဒါသဘာဝကျတဲ့ကိစ္စပဲဖြစ်ပါတယ် ၊ တစ်ဦးကိုတစ်ဦး ဘာအပြစ်မှတင်နေစရာအကြောင်းကိုမရှိပါဘူး ၊ ပြသနာမရှိ ပြသနာရှာဆိုတာ ဒါမျိုးကိုပြောတာပါ ။ဒါကိုပဲ ကျေးဇူးတော်အန္တ ရှိတော်မူကြကုန်သော မြန်မာ့အတိုက်အခံတို့က အစိုးရက နိုင်ငံရေးအကျဉ်းသားရှိတယ်ဆို ၀န်မခံလို့ ရွှေစိတ်တော် ညိုနေကြသေးတယ်တဲ့ စိတ်ပျက်တယ်ဗျာ... တကယ်ပြောတာပါ။

တကယ်လို့ အစိုးရကပြည်သူကိုအလျော့ပေးပြီး ဟုတ်ပါတယ်ကွာ ယုံကြည်ချက်ကြောင့် နိုင်ငံရေး လုပ်သူတွေ တို့ဖမ်းထားပါတယ် ၊ မှန်ပါတယ် ခုပြန်လွှတ်ပေးပါ့မယ်လို့ ပြောကြည့်ပါလား ၊ ဟော အစိုးရက မတရားဖမ်းထားတာ ၀န်ခံပြီ နိုင်ငံတကာခုံရုံးတင်မယ်တို့ဘာတို့ လာဦးမှာပါဘဲ တစ်သက်လုံးတောင်းလို့ဆိုလို့ ပြီးမယ့် သဘောမရှိပါဘူး ။ ခင်ဗျားတို့အချိုးတွေကိုလည်း အစိုးရက နောကျေနေပါပြီ ။

ကျွန်တော်တို့ဘက်ကကြည့်တော့လည်း ယုံကြည်ချက်ကြောင့်ပေါ့ဗျာ ၊ သမ္မတကြီးတို့ဘက်ကကြည့်ရင်လဲ ဥပဒေတစ်ခုခုကြောင့်ပေါ့ ဘယ်လိုပဲခေါ်ခေါ်ဒီလူတွေပါပဲခင်ဗျာ အခြေအနေတစ်ခုမှာ ဖြစ်ခဲ့ တာတွေ ဖြစ်ပြီးကြပါပြီ သူတို့ကိုလွှတ်ပေးကြပါဗျာလို့ တောင်းဆိုလိုက်ရင် ထောင်ထဲမှာ ခုလိုအကျဉ်းသားတွေ ရှိမနေလောက်တော့ပါဘူး ၊ ခုတော့ဗျာ တောင်းဆိုတဲ့လူတွေကိုက အထက်စီးကနေ 

  သမ္မတကဘာလို့ဒီလောက်တောင်တွန့်တိုနေတာလည်းတို့

  နိုင်ငံရေးအကျဉ်းသားအာလုံချွင်းချက်မရှိခုလွှတ်ပေး ၊ မလွှတ်ပေးရင်ဘာလုပ်မယ်တို့ 

 အသက်ပေးမယ်ခုလွှတ်ပေးတို့ 

 ခုလွှတ်တာ ၂၀၀ ကျော်ပဲပါလို့စိတ်ပျက်တယ် တို့ ၊ ဖုန်းဆက်လိုက်ရမလားတို့

 ဟီလာရီကလင်တန်နဲ့တွေ့ရင်တိုင်မယ်တို့ဘာတို့ဆိုတော့ မလွှတ်တာလဲမပြောနဲ့လေ...။ အထဲကလူတွေကို ထောင်သက်ရှည်အောင်အပြင်က လူတွေကလုပ်နေ သလိုပါဘဲ... ။ 

ဒေါက်တာဆိတ်ဖွား