xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အမေရိကန်သမ္မတလောင်း Newt Gingrich က CNN သတင်းထောက်ကို စိန်ခေါ်တုန့်ပြန်

Saturday, January 21, 2012

အမေရိကန်သမ္မတလောင်း Newt Gingrich က CNN သတင်းထောက်ကို စိန်ခေါ်တုန့်ပြန်



 
ယမန်နေ့ညပိုင်းမှာ အမေရိကန်ပြည်ထောင်စု South Carolina မှာ ကမ္ဘာကျော် CNN သတင်းဌာနကြီးက ကျင်းပပြုလုပ်တဲ့  Republican Candidates တွေ တိုက်ရိုက် စကားရေလုပွဲမှာ Republican ပါတီရဲ့ ကိုယ်စားလှယ်လောင်း Newt Gingrich ကို ပုဂ္ဂိုလ်ရေးထိခိုက်တဲ့ အိမ်ထောင်ရေး မေးခွန်းနဲ့ စမေးပြီး သမ္မတလောင်းတွေ၏ စကားရေးလုပွဲကို စတင်ခဲ့တာကြောင့် CNN သတင်းထောက် John King ကို  Newt Gingrich က ပရိသတ်ရှေ.မှာချက်ချင်းဆိုသလို  ပြင်းပြင်းထန်ထန် ပြန်လည် ခြေပ ခဲ့တဲ့ ဗီဒီယိုပါ။


CNN သတင်းထောက်ဟာ မီဒီယာတွေကို လူကြား သူကြားမှာချက်ကျလက်ကျပြန်လည်တုန့်ပြန်တာကို ခံလိုက်ရပြီး CNN သတင်းထောက် ဟာလူအများရှေ့အရှက်တကွဲဖြစ်ကာ မျက်နှာငယ်ငယ်နဲ့ သူမေးခွန်းအတွက် သူ တာဝန်ယူခဲ့ရတာကို တွေ့ရပါတယ် ။


 
မြန်မာ့နိုင်ငံရေးလောကမှာလဲ မြင်မြင်သမျှသတင်းသမားတွေကို မျက်နှာချိုသွေးဆက်ဆံနေမယ့်အစား ကျင့်ဝတ်မညီတဲ့ သတင်းသမားတွေကိုလဲ အခုလို ပြန်ပြီး Fire Back လုပ်တတ်ဖို့ ၊ လုပ်ရဲဖို့ ၊ လုပ်နိုင်တဲ့ ကိုယ်ခံအားရှိဖို့ နိုင်ငံရေးသမားတွေ သတိချပ်ဘို့ ကောင်းပါတယ် ။

ထူးခြားတာက ပရိတ်သတ်ဟာ သမ္မတလောင်းကို ပြတ်ပြတ်သားသား ထောက်ခံသွား တာကို တွေ့ရမှာဖြစ်ပါတယ် ။ ဒီဗီဒီယိုကြောင့် Newt Gingrich ဟာ အမေရိကန်တစ်လွှားမှာ ပိုပြီး လူကြိုက်များလာနေတယ်လို့ သိရပါတယ် ။