xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: KIA က ရပ်နားခိုင်းသဖြင့် ဖားကန့်ကျောက်စိမ်းတူးဖေါ်ရေးလုပ်ငန်းများရပ်ဆိုင်း

Wednesday, January 11, 2012

KIA က ရပ်နားခိုင်းသဖြင့် ဖားကန့်ကျောက်စိမ်းတူးဖေါ်ရေးလုပ်ငန်းများရပ်ဆိုင်း

လုံးခင်း-ဖားကန့်  ကျောက်စိမ်းလုပ်ကွက်များကို google မှတွေ့မြင်ရပုံ 

ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကို ဇန်န၀ါရီလ ၄ ရက်မှ စတင်၍ရပ်နားခဲ့ကြောင်း၊ငြိမ်းချမ်းရေးညှိနှိုင်းမှုတွင် အဆင်မပြေသည့်အတွက်ကေအိုင်အေက လုပ်ငန်းများ ရပ်နားခိုင်းသဖြင့် ယခုကဲ့သို့ရပ်နားရခြင်းဖြစ်ကြောင်း ထို့အပြင် ဖားကန့်ဒေသသို့ လမ်းအဆက်အသွယ် ကိုလည်းကေအိုင်အေမှ ထိန်းချုပ်ထားသည့်အတွက် ဖားကန့်ဒေသတွင် စားနပ်ရိက္ခာပြတ်လပ်နေပြီး ယနေ့မှ လမ်းခေတ္တပြန်ဖွင့်သဖြင့် ဒေသအတွင်းမှ အလုပ်သမားများ နေရပ်သို့ ပြန်ရကြောင်း အဆိုပါဒေသ ရှိ ကျောက်တူးဖော်ရေးအလုပ် လုပ်ကိုင်နေသော လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းထုတ် 7 Days သတင်းဂျာနယ် ၏ facebook တွင် ဖေါ်ပြထားပါသည် ။

 ထို့အပြင် ကေအိုင်အေဖွဲ့သည် ဆပ်ကြေးတောင်းယူမှုများလည်း ယခင်ကထက်ပိုများလာသည် ဟု ကျောက်တူးဖော်ရေး လုပ်ငန်းရှင်အချို့ကပြောကြားပါသည်။ ဒုက္ခသည်များကို အကြောင်းပြု၍ ကုမ္ပဏီအကြီးတစ်ခုကို ကျပ်သိန်း ၁၀၀၀မှ သိန်း ၁၀၀၀၀ ထိတောင်းယူမှုများရှိကြောင်းသိရှိရပါသည် ။
 
နိုင်ငံတစ်ဝန်း ကျောက်မျက်ရတနာ လုပ်ကွက်များ စုစုပေါင်း ၂၂၂၄၄ ကွက်ချမှတ်ထားသည့် အနက် ကချင်ပြည်နယ်၌ လုပ်ကွက် အများဆုံးတည်ရှိနေကာ လုံးခင်း-ဖားကန့်နယ်မြေတွင် တစ်ခုတည်းတွင်  ကျောက်စိမ်း လုပ်ကွက်ပေါင်း ၇၅၃၅ ကွက် တည်ရှိနေပြီး ယခုကဲ့သို့ လုပ်ငန်းများရပ်ဆိုင်းလိုက်သည့်အတွက် အဆိုပါလုပ်ကွက်များတွင် လုပ်ကိုင်နေသော လုပ်သားအများစုမှာ အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရှိရပါသည် ။

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်တို့ဆက်သွယ် သည့် ( ၆၇ ) မိုင်ရှည်လျားသည့် လမ်းမ ကြီးအား ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)မှဇန်နဝါရီ ငါးရက်နေ့ မှ စတင်ကာ လမ်းပိတ် ဆို့လိုက်ကြောင်း   မိုးကောင်း မြို့နယ်ရှိ အထွေထွေအုပ် ချုပ်ရေး ဦးစီးဌာနမှ ဇန်နဝါရီ ၇ ရက်တွင် အတည်ပြု ပြောကြားသည်။

ကချင် လွတ်မြောက်ရေး တပ်မတော် မှ ယင်းလမ်းမကြီး ပေါ်ရှိ ကာမိုင်းနှင့် နန့် ယားရွာကြားတွင်လည်းကောင်း၊ နန့်ယားနှင့် နန့်တိမ်းရွာ ကြားတွင် လည်းကောင်း၊ နန့်တိမ်းနှင့်လုံးခင်းကြား တွင်လည်းကောင်းမိုင်းထောင်ပိတ် ဆို့ထားကြောင်း သိရပြီး ၊ ယင်းလမ်းမ ပေါ်ရှိ ပိတ်ဆို့ထားသည့် နေရာများ တွင် ''ဆိုင်ကယ်၊ ကား၊ လူမသွားရ၊ မိုင်း ထောင်ထားသည်''ဟူသည့် မြန်မာစာ ရေးသားထားသည့် ဆိုင်းဘုတ်များ ထောင်၍ လမ်းပိတ်ဆို့ထားတာဖြစ်ကြောင်းလည်း သိရှိရပါသည် ။