xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: လူသိများသူနှစ်ဦး၏ လူသိနည်းသော နောက်ကြောင်းတစ်ခု

Saturday, January 28, 2012

လူသိများသူနှစ်ဦး၏ လူသိနည်းသော နောက်ကြောင်းတစ်ခု

ဦးရော်နီညိမ်း
 
သူကတော့ အားလုံးသိတဲ့အတိုင်း VOA အသံလွှင့်ဌာနကြီးက အသံလွှင့်သတင်းထောက် ဦးရော်နီညိမ်းပါ ၊ တပ်မှုးတပ်သား ပြောစကားအပါအ၀င် စစ်ဘက်ဆိုင်ရာ အစီအစဉ်တွေကို စီစဉ်တင်ဆက်သူတစ်ဦးပါ ။

ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်
 
ဒါကြီးကတော့ ကမ္ဘာကျော် ဗိုလ်မှုးဟောင်း အောင်လင်းထွဋ်ပါ ၊တပ်ထဲမှာနေတော့ ထောက်လှမ်းရေးမှာနေ ၊ ပြီးတော့ နိုင်ငံခြားရေးဝန်ကြီးဌာနကိုပြောင်းပြီး ဗိုလ်ချုပ်ကြီးခင်ညွန့်ကိစ္စမှာ ထောက်လှမ်းရေးဟောင်းတွေ ကိုမြေလှန်တဲ့အထဲ ပါမှာစိုးလို့ သံမှုးကြီး ရာထူးကနေထွက်ပြေးပြီး အမေရိကန်နိုင်ငံမှာ ခိုလှုံနေသူပါ ။

သူထွက်ပြေးကာစက VOA က ဦးရော်နီညိမ်းနဲ့ အောင်လင်းထွဋ်တို့ဟာ တွေ့ဆုံခန်းတွေအကြိမ်ကြိမ်လုပ်ပြီး တစ်ခါမှ မတွေ့ဘူး မသိဘူးတဲ့လူတွေလိုလိုနဲ့ ဦးရော်နီညိမ်းကလဲ " ဟုတ်ကဲ့ဗိုလ်မှုးခင်ဗျ ...ဒီတပ်ထဲမှာ .." ဘာညာဆိုပြီး အစချီကာ မေးခွန်းတွေမေး ၊ အောင်လင်းထွဋ်ကလည်း " ကျွန်တော် တပ်ထဲမှာနေခဲ့စဉ်က အတွေ့အကြုံရပြောရမယ်ဆိုရင် ... ကိုရော်နီညိမ်းလဲ သိတဲ့အတိုင်းပဲ လေ.. ဒီ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ..." ဆိုပြီး ထင်ရာမြင်ကြောင်းတွေဖြေ အတိုင်အဖေါက်ညီခဲ့ကြတာကို မှတ်မိကြဦးမှာပါ ။


တကယ်တော့ သူတို့နှစ်ယောက်ဟာ ငယ်သူငယ်ချင်းအရင်းကြီးတွေပါ ....၊ လုပ်ဖေါ်ကိုင်ဘက်ဟောင်းတွေပါ ၊ဘာလို့လဲ ဆိုတော့ သူတို့နှစ်ယောက်လုံးဟာ စစ်တက္ကသိုလ် အပတ်စဉ် ( ၂၀ ) ကနေ ကျောင်းဆင်းခဲ့ကြတဲ့ တစ်ပတ်စဉ်ထဲ သူငယ်ချင်းတွေ ဖြစ်နေလို့ပါဘဲ......။ အောင်လင်းထွဋ် ခုလိုထွက်ပြေးနိုင်အောင်၊ အမေရိကန် ပြည်ထောင်စုမှာ ခုလိုနေနိုင်အောင်လဲ ဦးရော်နီညိမ်းကပဲ အချို့ကိစ္စများ မှာ အကူညီပေးခဲ့တာ ဖြစ်ပါကြောင်း ။

Voice Of  Myanmar