xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ရန်ကုန်လေဆိပ် တိုးချဲ့ရေးစီမံကိန်းနှင့် အခြား အထောက်အပံ့များ ဂျပန် ပြန်ပေးတော့မည်

Wednesday, January 18, 2012

ရန်ကုန်လေဆိပ် တိုးချဲ့ရေးစီမံကိန်းနှင့် အခြား အထောက်အပံ့များ ဂျပန် ပြန်ပေးတော့မည်

မြန်မာနှင့်ဂျပန် နိုင်ငံခြားရေးဝန်ကြီးများ ( Photo - AFP )

ဂျပန်နိုင်ငံဘက်မှ ၂၅ နှစ်ကြာ ရပ်ဆိုင်းထားခဲ့သော ရန်ကုန်လေဆိပ် တိုးချဲ့ရေးစီမံကိန်း အပါအဝင် မြန်မာနိုင်ငံအတွက် ရပ်တန့်ထားခဲ့သော နိုင်ငံရပ်ခြား ဖွံ့ဖြိုးတိုးတက်မှု အထောက်အပံ့နှင့် ချေးငွေများမှာ မကြာမီ ပြန်လည်သက်ဝင်လာဖွယ်ရှိကြောင်း ဂျပန်နိုင်ငံ အထက်လွှတ်တော်အမတ် Mr.Koizumi Toshiaki ကပြောသည်။

၁၉၈၇ ခုနှစ်မှစ၍ ဂျပန် နိုင်ငံ ချေးငွေ အကူအညီဖြင့် ဆောင် ရွက်ခဲ့သည့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် တိုးချဲ့ရေး စီမံ ကိန်းမှာ လုပ်ငန်းမပြီးပြတ်သေးမီ ရပ်ဆိုင်းခဲ့ရသည်။ အဆိုပါ စီမံကိန်း ကို ၁၉၈၁ တွင် နှစ်နိုင်ငံ သဘော တူစာချုပ်ချုပ် ဆိုခဲ့ခြင်းဖြစ်ပြီး ချေး ငွေပမာဏ လက်ကျန်မှာ အမေရိ ကန်ဒေါ်လာသန်း ၂ဝဝ ရှိခဲ့သည့် အနက် ဆက်လက်အကူအညီပေး ရေးကို ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်း အောင်က ဇန်နဝါရီ ၁၁ ရက်တွင် ၄င်းနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ် သည်။ 
 
၏ ''သူတို့ ဆွေးနွေးခဲ့တာ သုံး ခုပေါ့။ လေဆိပ်စီမံကိန်း၊ သဘာ ဝဘေးအန္တရာယ် အတွက် တိတိ ကျကျ ကြိုတင်သတိပေး ထုတ်ပြန်နိုင်ဖို့မုန်တိုင်းပြ ရေဒါခြောက်လုံးကို ကွန်ရက်စနစ် လှူဒါန်း တပ်ဆင်ဖို့နဲ့ ဧရာဝတီ၊ ချင်းတွင်းမြစ်ကြောင်း တစ် လျှောက် ရေလမ်းကြောင်း ထိန်း သိမ်းရေးအတွက် ကျွမ်းကျင်ပညာ ရှင်များ လွှတ်ပေးဖို့တွေပါ။ အခုက ဂျပန်ဘက်မှာ ဒါကို အဆင့်ဆင့် တင်ပြပြီး ဆွေးနွေးနေပါပြီ။ လာ မယ့်ရက်ပိုင်းမှာ အကောင်အထည် ပေါ်လာဖို့ရှိပါတယ်'' ဟု အထက်ပါ ဂျပန် အထက်လွှတ်တော်အမတ်နှင့် ဆက်သွယ် ဆောင်ရွက်ပေးနေ သည့် စွမ်းအင် ကုမ္ပဏီတစ်ခု၏ အကြီးအကဲ ဖြစ်သူက ဇန်နဝါရီ ၁၇ ရက်တွင် ပြောသည်။

ထို့အပြင် ဂျပန်နိုင်ငံ အနေဖြင့် နိုင်ငံရေးအခြေအနေ အရ နှစ်စဉ် ထောက် ပံ့ပေးနေသော နိုင်ငံရပ် ခြား ဖွံ့ဖြိုး တိုးတက်မှု အထောက် အပံ့ ODA အား ပိုမိုတိုးမြှင့် ထောက်ပံ့ ပေးရန်နှင့် အခြားချေးငွေများဖြင့် အကူအညီပေးရန် ရှိကြောင်းလည်း Mr.Koizumi က ဇန်နဝါရီလ ၁၁ ရက်တွင် ပြည်တွင်း မီဒီယာ အချို့နှင့် တွေ့ ဆုံစဉ် က ပြောခဲ့သည်။

''တကယ်တော့ မြန်မာကို ပေးနေတဲ့ ODA ဒေါ်လာ သန်း ၃ဝ ဆိုတာ တခြားနိုင်ငံ တွေနဲ့ ယှဉ်ရင် နည်းပါတယ်။ ဒါကို တိုးမြှင့်ပေး လိုက်လို့ အနေအထားပြောင်း လာမယ့် အခြေအနေရှိရင် မြှင့်ပေးမှာပါ။ အရင်ကငွေ ကျန်တာကတစ်ပိုင်းထား ပါ။ အခုဆို ဂျပန်က ကုမ္ပဏီတွေ ပေါင်းပြီး စွမ်းအင်နဲ့ ခရီးသွားကဏ္ဍ တွေအတွက် ငွေချေးပေးဖို့ ရှိနေ ပါတယ်။ အဓိကအရေးကြီးတာက ဂျပန်နိုင်ငံ အနေနဲ့ ပူးပေါင်းကူညီ တဲ့အခါ ပူးပေါင်း ကူညီလို့ရတဲ့ အပိုင်းကို ဖန်တီးပေးနိုင်ဖို့ လိုပါ တယ်''ဟု ၄င်းက ပြောသည်။
၎င်းအပြင် ODA သာမက ဂျပန်နိုင်ငံ JABIC ဘဏ်နှင့် ပုဂ္ဂလိ က ဘဏ်များ မှာ မြန် မာနိုင်ငံ၌ ရင်းနှီးမြှုပ် နှံ၍ အကူအညီပေးရန် အစီအစဉ်များ ရှိပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်မည့် အခြေအနေနှင့် ယုံကြည်မှု တည်ဆောက် လုပ်ကိုင် ရမည် ဖြစ်ကြောင်း ၄င်းကဆို သည်။

''ဗီယက်နမ်ဆို ဘဏ်ချေးငွေ နဲ့ လုပ်နေတာပါ။ အင်ဒိုနီးရှားဆို လည်း ODA ကို တိုးတိုးပြီး ပေးနေ တာ နှစ် တွေကြာပါပြီ။ အဓိက ကတော့ ဂျပန်က သယံဇာတ မထွက် တဲ့အတွက် အကုန်ဝယ်သုံး နေရတယ်။ အဲဒီအတွက် လိုအပ်တဲ့ ရေနံတို့၊ ဂက်စ် တို့ကို ပြန်ဝယ်ချင်တယ်။ ဒါက အပြန်အလှန် လက် တွဲလုပ်ရမယ့် ကိစ္စပါ'' ဟု ၄င်းက ပြောသည်။

ဆက်လက်၍ မြန်မာနိုင်ငံ အနေဖြင့် သဘာဝ သယံဇာတ ပေါကြွယ်ဝ သည့် နိုင် ငံဖြစ်သည့် အလျောက် နိုင်ငံ၏ သယံဇာတ မည်မျှရှိသည်၊ မည်သည့် နေရာ၌ ရှိသည် စသည့် နည်းပညာ အချက် အလက် ကောက်ယူ စုဆောင်းရာ တွင် ဂျပန်နိုင်ငံမှ ကူညီလိုပြီး ၄င်း တို့အား ပြည်ပ နိုင်ငံများသို့ ပြန်လည် ရောင်းချခြင်းဖြင့် နိုင်ငံခြား ဝင်ငွေ အမြန်ဆုံး ရရှိနိုင်မည့် နည်းလမ်းဖြစ် ကြောင်း ၄င်းက အကြံပေးသည်။

''ဒါကို ဝန်ကြီးနဲ့ တွေ့တုန်းက ပြောခဲ့ပါတယ်။ သူကလည်း သမ္မတ ကို တင်ပြပေးပါမယ်ပေါ့။ နောက် အရေးကြီးတဲ့ လျှပ်စစ်ကဏ္ဍ။ ဒီမှာ စက်ရုံ အလုပ်ရုံတွေ ဝင်လာတော့ မယ်လေ။ အဲဒီ့အတွက်လည်း အကူ အညီပေးဖို့ Plan ချပြီး အများကြီး စဉ်းစားထားပါတယ်'' ဟု ၄င်းက ပြောသည်။

ယင်းဆွေးနွေးမှု များအရ မြန်မာ နိုင်ငံအတွက် ချေးငွေနှင့် အကူအညီ များ ပေးရေးမှာ ၄င်းတို့ လိုအပ်နေ သည့် စွမ်းအင် သယံဇာတများ ဝယ် ယူရရှိမည့် အပေါ် မူတည်မှု ရှိ မရှိ ပေါ်ပြူလာနယူးစ်မှ မေးမြန်းခဲ့ ရာ ၄င်းက ''မဖြစ်မနေ ရောင်းရ မယ်လို့ သတ်မှတ်မထားပါဘူး။ နှစ် ဖက်အကျိုးရှိမယ့် Win-Win Situation ဖြစ်အောင် လုပ်သွားပါ မယ်''ဟု ဖြေခဲ့သည်။

လက်ရှိ နိုင်ငံရေး အခင်း အကျင်းအရ အမေရိကန်၏ မိတ် ဘက်ဖြစ်သည့် အာရှမှ ဂျပန်၊ အင်္ဂ လန်နှင့် ဆက်နွှယ်သော သြစတြေး လျ၊ ဥရောပ EU နိုင်ငံများဖြစ်သည့် နော်ဝေနှင့် ပြင်သစ်တို့မှ မြန်မာ နိုင် ငံနှင့် စီးပွားရေး အရ ဆက်ဆံမှု အသွင်ပြောင်းလဲလာခြင်းသည် မြန် မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ ထားရှိမှု မကြာမီ ဖြေလျှော့ရုပ်သိမ်း နိုင်မည့် အလားအလာ ဖြစ်ကြောင်း စီးပွားရေးကျွမ်းကျင်သူ အချို့က သုံးသပ်သည်။

အောင်ခွန်းဆက် ( ပေါ်ပြူလာ သတင်းဂျာနယ် )