လွှတ်တော်
အသီးသီးတွင် လွှတ်တော် ကိုယ်စားလှယ် လစ်လပ်နေသော မဲဆန္ဒနယ်များ အတွက်
(၁၆-၁-၂ဝ၁၂)ရက်မှ (၃၁-၁-၂ဝ၁၂)ရက် အတွင်း လွှတ်တော် ကိုယ်စားလှယ် လောင်းများ
အမည်စာရင်း တင်သွင်း နိုင်ကြပြီ ဖြစ်ရာ ဥပဒေအရ သိရှိ လိုက်နာရမည့်
အချက်များကို အောက်ပါ အတိုင်း အသိပေး နှိုးဆော် လိုက်ပါသည်-
(က)
|
သက်ဆိုင်ရာ
လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈ အရ သတ်မှတ် အရည်အချင်း များနှင့်
ပြည့်စုံသော နိုင်ငံသားများသည် အမျိုးသား၊ အမျိုးသမီးမရွေး၊ ဘာသာမရွေး
ရွေးကောက် ပွဲတွင် ရွေးကောက် တင်မြှောက် ခံပိုင်ခွင့် ရှိပါသည်။
|
(ခ)
|
သက်ဆိုင်ရာ
လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁ဝနှင့် ငြိစွန်း နေသော
ပုဂ္ဂိုလ်များသည် ရွေးကောက် ပွဲတွင် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှ
ိစေရပါ။
|
(ဂ)
|
လွှတ်တော်ကိုယ်စားလှယ်လောင်းများသည်
မိမိဝင်ရောက်ယှဉ်ပြိုင်လိုသည့် မဲဆန္ဒနယ်နှင့် အကျုံးဝင်သည့် နေပြည်တော်
(သို့မဟုတ်) သက်ဆိုင်ရာ ခရိုင် (သို့မဟုတ်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်
ရတိုင်း/ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ကော်မရှင်အဖွဲ့ခွဲ၌
စာရင်းသွင်းရပါမည်။ [နည်း ၁၈ (က)]
|
(ဃ)
|
ရွေးကောက်ပွဲဝင်ခွင့်
မှတ်ပုံတင်ကြေးကို မိမိအမည်စာရင်းတင်သွင်းရမည့် ကော်မရှင် အဖွဲ့ခွဲရုံး
စိုက်ရာ မြန်မာ့စီးပွားရေး ဘဏ်ခွဲတွင် ပေးသွင်းရမည်ဖြစ်ပြီး ငွေစာရင်း
အမှတ်မှာ သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲ၏ ငွေစာရင်း အမှတ်ဖြစ်သည်။ [နည်း
၁၈ (ဂ)]
|
(င)
|
လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းရာတွင် ပါရှိရမည့်စာရွက်စာတမ်းများမှာ-
|
|
(၁)
|
လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာပုံစံ (၆) မူရင်းနှစ်စုံ(တရားသူကြီး ရှေ့မှောက်တွင် လက်မှတ် ရေးထိုးထားသည့် လက်မှတ် မှန်ကန်ကြောင်း သက်သေခံ စာအပါအဝင်)၊
|
|
(၂)
|
ကော်မရှင်က သတ်မှတ်သည့်အတိုင်း ပြုစုထားသည့် ကိုယ်ရေးမှတ်တမ်း နှစ်စောင်၊
|
|
(၃)
|
ရွေးကောက်ပွဲဝင်ခွင့် မှတ်ပုံတင်ကြေး ပေးသွင်းပြီးကြောင်း ချလန်ဖြတ်ပိုင်းမူရင်း၊
|
|
(၄)
|
နိုင်ငံသားဖြစ်ကြောင်း သက်သေခံအထောက်အထားနှင့်
|
|
(၅)
|
ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ် မိမိကိုယ်တိုင်ဖြစ်စေ၊ အခြားသူ တစ်ဦးကိုဖြစ်စေ ခန့်ထားကြောင်း ပုံစံ(၇) သို့မဟုတ် ပုံစံ(၇-က) နှစ်စောင်တို့ ဖြစ်ပါသည်။
|
|
မှတ်ချက်။
|
လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးသည် မဲဆန္ဒနယ် တစ်နယ်ထက် ပို၍ တစ်ပြိုင်တည်း အမည်စာရင်း တင်သွင်းခွင့် မရှိပါ။ [နည်း ၁၈(ဂ)]
|
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်