မြန်မာပြည်ရဲ့ Public Speaker တစ်ယောက်ဖြစ်တဲ့ ကာတွန်းမြေဇာဟာ သူ့ရဲ့ facebook စာမျက်နှာမှာအောက်ပါအတိုင်းရေးပြီး လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့တွေနဲ့ ပြည်သူတွေ အကြား ကွာဟမှုကြီးသည်ထက်ကြီးလာအောင် လှုံ့ဆော်ထားတာကို စိတ်မကောင်းစွာ ဖတ်လိုက်ရပါတယ် ။
ခင်ဗျားကို တစ်ခုပဲပြန်မေးချင်ပါတယ် ခင်ဗျားဘီယာလေး တမျမျ နဲ့ နေနိုင်အောင် နယ်စွန်နယ်ဖျားက စစ်မြေပြင်တွေမှာ ဒီအမိန့်တွေ လိုက်နာရင်း အသက်ပေးခဲ့ရတဲ့ စစ်သားတွေစာရင်းလည်း စစ်တပ်မှာ ရှိနေမှာပါဘဲ ... ဒီလူတွေအတွက် ခင်ဗျားပြန်သေပေးမလား ? ၊ "ဒါကတော့စစ်သားအလုပ်ပဲလေ ဆိုတဲ့ ပြီးလွယ်စီးလွယ် စကားတွေနဲ့ ပြီးသွားမယ်ဆိုရင် နောင် စစ်ပွဲတွေဖြစ်လာရင် တိုင်းပြည်အတွက် အသက်ပေးမယ့်သူတွေ မရှိပဲနေမယ် ဘာလို့လဲဆိုတော့ သေသွားတာတောင် ကဲ့ရဲ့ခံနေရတုန်းကိုး "လို့ခင်ဗျားကို ပြန်ပြောရင် ခင်ဗျားဘယ်လိုနေမလဲ ၊
တိုင်းပြည်အတွက်အသက်ပေးသွားခဲ့တဲ့ စစ်သည်တွေ အမြောက်အများပါဘဲ ဘယ်စစ်သားရဲ့ ကျန်ရစ်သူမိသားစုကများ စစ်တပ်ကမတရားလုပ်နေပါတယ်တို့ ၊ တိုင်းပြည်အတွက်သူတို့ သားတွေ၊ လင်ယောင်္ကျားတွေ ၊ အဖေတွေ အနစ်နာခံနေရပါတယ်တို့ လူ့အခွင့်အရေးဆုံးရှုံးနေပါတယ် တို့ အော်တာတွေ့ဘူးလဲ ၊ ဘယ်မှာများကြားဘူးလဲ... မှတ်ထား မောင်မြေဇာ... ပေးဆပ်သူတို့ရဲ့နှလုံးသား ၊ မြင့်မြတ်သူတို့ရဲ့ နှလုံးသားတွေဟာ ဘယ်ပြည်သူရှေ့မှာမှ အမှတ်မယူတတ်ကြဘူး သူလုပ်စရာရှိတာကို လုပ်သွားတာပဲ...ခံစရာရှိတာ ခံသွားတာပဲ ၊ ပေးဆပ်စရာရှိတာ ပေးဆပ်သွားတာပါဘဲ... ဒါကိုမှ သတ္တိလို့ခေါ်တယ်ဗျ။
အစိုးရကိုမထိတထိ ကာတွန်းရေးရဲတာလောက်ကို သတ္တိထင်နေတဲ့ ခင်ဗျားလို စိတ်ဓါတ်အောက်တန်းကျသူတွေများနေလို့ ၊ထောင်ကျတာလောက်ကို ဟိမ၀န္တာစွန့်စားခန်း ထင်နေတဲ့သူတွေများနေလို့ တိုင်းပြည်က ခုလိုဖြစ်နေတာဆိုတာ ကိုယ့်ကိုကိုယ် မသေခင် ဆင်ခြင်မိသွားရင်၊ နောင်ဒါမျိုးစာရေးမယ်ဆိုတိုင်း အမိန့်တွေအောက်မှာအသက်ပေးသွားတဲ့ စစ်သားတွေရဲ့ မျက်နှာတွေ ကျန်ရစ်သူမိသားစုတွေရဲ့ မျက်ရည်တွေကို အားနာတတ်သွားရင် ဘ၀ကူးတာကောင်း သွားမယ် မောင်မြေဇာ...။
ဒေါက်တာဆိတ်ဖွား