xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဟော်မုဇ် ရေလက်ကြားပြသနာနှင့် အီရန် - အမေရိကန် စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေ

Monday, January 9, 2012

ဟော်မုဇ် ရေလက်ကြားပြသနာနှင့် အီရန် - အမေရိကန် စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေ

အခြေအနေတင်းမာနေသော ဟော်မုဇ် ရေလက်ကြား

ဤပြသနာဟာ အမေရိကန်ဦးဆောင်သော အနောက်ဥရောပနိုင်ငံများမှ အီရန်နိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုများကို တိုးမြှင့်ခဲ့ရာမှစတင်ခဲ့ကြောင်း အကဲခတ်များကသုံးသပ်ကြပါသည် ။ အမေရိကန်နှင့်မဟာမိတ်နိုင်ငံများက အီရန်အပေါ် ဘဏ်လုပ်ငန်းများ ၊ အီရန်နိုင်ငံထွက် ရေနံ ရောင်းဝယ် မှုကိုပိတ်ဆို့အရေးယူမှုများကို ၂၀၁၀ ဒီဇင်ဘာလအတွင်း တိုးမြှင့် လုပ်ဆောင်ခဲ့ပါသည် ၊ ထိုသို့ အရေးယူဆောင်ရွက်မှုကို တရုတ်နှင့် ရုရှားတို့က ကန့်ကွက်ခဲ့သော်လည်း အမေရိကန်နှင့်မဟာမိတ်တို့က ဆက်လက်ဆောင်ရွက်ခဲ့ပါသည် ။

 Iran missile test
 
ဒီလိုပိတ်ဆို့မှုကို တုန့်ပြန်တဲ့အနေနဲ့ တစ်ဆက်တည်း ဆိုသလို အီရန်ရေတပ် ကလည်း အလွန်အင်အားကြီးမားသော ၁၀ ရက်ကြာ စစ်ရေးလေ့ကျင့်မှုတစ်ခုကို "Velayet 90" အမည်ဖြင့် ဒီဇင်ဘာလ ၂၄ ရက်နေ့မှ ဇန်န၀ါရီလ ၃ ရက်နေ့အထိ ပင်လယ်ကွေ့ဒေသအတွင်း ဆောင်ရွက်ခဲ့ပါသည်။  စစ်ရေးလေ့ကျင့်မှု၏ အဓိကရည်ရွယ်ချက်မှာ ပါရှန်းပင်လယ်ကွေ့၏ အရှေ့ဘက် ဟောမုဇ်ရေလက်ကြားမှ အေဒင်ပင် လယ်ကွေ့သို့တိုင်အောင် ကာကွယ်ဖို့ဖြစ်တယ်လို့ အီရန်တို့က ဆိုပါတယ် ။ "Velayet 90"စစ်ရေးလေ့ကျင့်မှုအတွင်းမှာ အီရန်တို့ဟာ မြေပြင်မှ ဝေဟင်ပစ် ဒုံးလက်နက်အသစ်တစ်မျိုးနဲ့ ကီလိုမီတာ ၂၀၀ ထိ ထိန်းချုပ်ပစ်ခတ်နိုင်တဲ့ မြေပြင်မှ မြေပြင်ပစ် ဒုံးလက်နက်သစ်များကို အောင်မြင်စွာ စမ်းသပ် ပစ်ခတ်ပြခဲ့ပါတယ် ။ အီရန်က အဆိုပါဒုံးလက်နက်ဟာ အီရန် ပညာရှင်တွေ တီထွင်ထုတ်လုပ်တယ်လို့ဆိုပေမယ့် ကျွမ်းကျင်သူတွေကတော့ တရုတ်ရဲ့  C-704 missile ကိုအခြေခံထုတ်လုပ်ထားတာလို့ ဆိုပါတယ် ။


အဆိုပါစစ်ရေးလေ့ကျင့်မှုအတွင်း ကမ္ဘာ ပေါ်တွင် ရေနံတင်သဘောင်္ များ၏ အဓိကဖြတ်သန်းရာ လမ်းကြောင်းဖြစ်သော ဟောမုဇ်ရေလက် ကြားကို အီရန် နိုင်ငံမှ ပိတ်ဆို့ထားနိုင်စွမ်းရှိ ကြောင်း ၊ ဒါပေမယ့် အခုလောလောဆယ်တော့ ပိတ်ဆို့မှာမဟုတ်တဲ့အကြောင်း အီရန်ရေတပ်ရဲ့အကြီး က ပြောကြား လိုက်တဲ့အတွက် ဒီလိုပြောကြားချက်ကို အမေရိကန်က ချက်ချင်းဆိုသလို ဒေါသတကြီးတုန့်ပြန်ခဲ့ပါတယ် ။ အမေရိကန်ဟာ ဟော်မုဇ် ရေလက်ကြားကို ဘယ်လို အကြောင်းနဲ့ ပိတ်ဆို့တာကိုမှ လက်ခံမှာမဟုတ်ဘူးလို့ ပြောဆိုကာ သူ့ရဲ့ ရေတပ်သင်္ဘော အုပ်စုတစ်ခုကို ပင်လယ်ကွေ့ဒေသကို စေလွှတ်ခဲ့ပါတယ် ။

ဒီလိုစေလွှတ်လိုက်တဲ့အတွက် အီရန်နိုင်ငံရဲ့ တာဝန်ရှိသူတွေဟာ အီရန်နိုင်ငံမှာရှိတဲ့ အမေရိကန်သံအမတ်ကို ခေါ်ယူပြီး ပင်လယ်ကွေ့ဒေသအတွင်းကို အမေရိကန်ရေတပ် ကျူးကျော်လာပါက လက်တုန့်ပြန်မှာဖြစ်ကြောင်း အီရန်နိုင်ငံဟာ ၂ ခါသတိပေးတဲ့အကျင့်မရှိကြောင်း ပြောဆိုခဲ့ပါတယ် ။

အမေရိကန်ပြည်ထောင်စုဟာ အစ္စရေးနိုင်ငံကို ထောင်ပါင်းများစွာသောတပ်ဖွဲ့ဝင်များ ၊ စစ်သင်္ဘောများ လက်နက်များ ပေးပို့ကာ အီရန်နှင့်ရင်ဆိုင်ရန် စစ်ရေးအရ အကြီးအကျယ်ပြင်ဆင်လျှက်ရှိကြောင်း Press TV သတင်းဌာနက ဇန်န၀ါရီလ ၄ ရက်နေ့က ဖေါ်ပြလိုက်ပါတယ် ။

ကမ္ဘာ့ရေနံထုတ်လုပ်မှု၏ ၂၀ % ကျော် ဖြတ်သန်းနေရတဲ့ ဒီဟော်မုဇ်ရေလက်ကြားပြသနာ ဟာ ဒေသတွင်းနိုင်ငံများအရေးသာမက ကမ္ဘာ့အရေးဖြစ်နေတာကြောင့် အမေရိကန် - အီရန် စစ်ရေးတင်းမာမှုနှင့် ဟော်မုဇ် ရေလက်ကြားပြသနာကို တစ်ကမ္ဘာလုံးက စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ အခြေအနေမျိုးဖြစ်ကြောင်း တင်ပြအပ်ပါတယ် ။

Voice Of Myanmar