xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဗြိတိန် နိုင်ငံခြား​ရေး​ဝန်ကြီး​ ဝီလျံဟိတ်(William Hague ) မြန်မာနိုင်ငံသို့ရောက်ရှိ

Thursday, January 5, 2012

ဗြိတိန် နိုင်ငံခြား​ရေး​ဝန်ကြီး​ ဝီလျံဟိတ်(William Hague ) မြန်မာနိုင်ငံသို့ရောက်ရှိ

 
၁၉၅၅ ခုနှစ်က ဗြိတိန်နိုင်ငံခြား​ရေး​ဝန်ကြီး​ အန်သိုနီအီဒန်လာရောက်ပြီးနောက် ၅၆နှစ်ကာလအတွင်း​ မြန်မာနိုင်ငံကို ပထမဆုံး​လာ​ရောက်တဲ့​ အဆင့်​မြင့်​သံတမန်တဦး​အဖြစ် ဗြိတိန် နိုင်ငံခြား​ရေး​ဝန်ကြီး​ ဝီလျံဟိတ်(William Hague ) ဒီက​နေ့​မြန်မာနိုင်ငံကို ​ရောက်ရှိလာပြီး သူ့ရဲ့ ၂ ရက်ကြာမယ့် ချစ်ကြည်ရေး ခရီးစဉ်ကို စတင်လိုက်ပါတယ် ။


 
ဒီင်္ခရီးစဉ်ဟာ လက်ရှိမြန်မာအစိုး ​ရ ​ဆောင်ရွက်​နေတဲ့​ ပြုပြင်​ပြောင်း​လဲ​ရေး​ ​ခြေလှမ်း​တွေကို အား​ပေး​တဲ့​နေနဲ့​ သွား​ရောက်တာဖြစ်ပြီး ကျန်ရှိတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​များ​ ဆက်လွှတ်​ပေး​ဖို့​၊​ လွတ်လပ် တရား​မျှတတဲ့​ ကြား​ဖြတ် ​ရွေး​ကောက်ပွဲကျင်း​ပဖို့​၊​ ပဋိပက္ခဖြစ်ပွား​ရာ​နေရာကို လူသား​ချင်း​စာနာမှု အကူအညီ​တွေ ​ပေး​ခွင့်​ပြုဖိုနဲ​ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​အတွက် ယုံကြည်ရ​အောင် လုပ်​ဆောင်ဖို့​ ကိစ္စ​တွေ မြန်မာအစိုး​ရကို ​တိုက်တွန်းသွားမယ်လို့ ခရီးစဉ်မတိုင်မီ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ် ။

 

 ဗြိတိန် နိုင်ငံခြား​ရေး​ဝန်ကြီး​ဟာ သူ့ခရီးစဉ်အတွင်းမှာ နိုင်ငံတော်သမ္မတဦးသိန်းစိန် အပါအ၀င် အစိုးရ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ထင်ရှားတဲ့ နိုင်ငံရေး လှုပ်ရှား သူများနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ် ။

Voice Of Myanmar