xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အစိုးရနှင့် KNU တို့ ငြိမ်းချမ်းရေးဆွေးနွေးပြီ

Wednesday, January 11, 2012

အစိုးရနှင့် KNU တို့ ငြိမ်းချမ်းရေးဆွေးနွေးပြီ

 ဓါတ်ပုံ ( ဦးကိုကို facebook မှ )
 ပြည်ထောင်စုအစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့ခေါင်းဆောင် ဦးအောင်မင်း၊ ဦးစိုးသိန်း ဦးဆောင်သော ကိုယ်စားလှယ်များသည် ယနေ့နေ့လည် ၂ နာရီခန့်က ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး ၊ KNU ခရိုင်တာဝန်ခံများ အပါအဝင် တာဝန်ရှိသူ ၁၉ ဦးနှင့် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင် ဟိုတယ်၌ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရှိရပါသည် ။
KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကို ကြိုဆိုနေကြသော ကရင်လူငယ်များ
ဓါတ်ပုံ ( ဦးကိုကို facebook မှ )
KNU ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် စောဒေဗစ်ထောက တော့အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးတဲ့အခါ အဓိက အချက်ကတော့ ဒေသခံ ပြည်သူတွေ အေးအေး ချမ်းချမ်း နေထိုင်နိုင်ရေး အတွက် အာမခံချက် ရရှိဖို့ဖြစ်ပြီး တစ်ဆက်တည်း အပစ်အခတ် ရပ်စဲနေစဉ်ကာလအတွင်း နှစ်ဘက် စစ်အင်အား တိုးချဲ့မှုမပြုရေး ကိစ္စတွေ ဆွေးနွေးကြမယ်လို့ မနေ့က RFA နဲ့ တွေ့ဆုံမေးမြန်းရာမှာပြောကြားသွားခဲ့ပါတယ် ။