xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: KIA က မိုးကောင်းနှင့် ဖားကန့်ကြား ၃ နေရာအား မိုင်းထောင်ပိတ်ဆို့ထား

Saturday, January 7, 2012

KIA က မိုးကောင်းနှင့် ဖားကန့်ကြား ၃ နေရာအား မိုင်းထောင်ပိတ်ဆို့ထား


ကချင်ပြည်နယ် မိုးကောင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်တို့ဆက်သွယ် သည့် ( ၆၇ ) မိုင်ရှည်လျားသည့် လမ်းမ ကြီးအား ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)မှဇန်နဝါရီ ငါးရက်နေ့ မှ စတင်ကာ လမ်းပိတ် ဆို့လိုက်ကြောင်း   မိုးကောင်း မြို့နယ်ရှိ အထွေထွေအုပ် ချုပ်ရေး ဦးစီးဌာနမှ ဇန်နဝါရီ ၇ ရက်တွင် အတည်ပြု ပြောကြားသည်။

ကချင် လွတ်မြောက်ရေး တပ်မတော် မှ ယင်းလမ်းမကြီး ပေါ်ရှိ ကာမိုင်းနှင့် နန့် ယားရွာကြားတွင်လည်းကောင်း၊ နန့်ယားနှင့် နန့်တိမ်းရွာ ကြားတွင် လည်းကောင်း၊ နန့်တိမ်းနှင့်လုံးခင်းကြား တွင်လည်းကောင်းမိုင်းထောင်ပိတ် ဆို့ထားကြောင်း သိရပြီး ၊ ယင်းလမ်းမ ပေါ်ရှိ ပိတ်ဆို့ထားသည့် နေရာများ တွင် ''ဆိုင်ကယ်၊ ကား၊ လူမသွားရ၊ မိုင်း ထောင်ထားသည်''ဟူသည့် မြန်မာစာ ရေးသားထားသည့် ဆိုင်းဘုတ်များ ထောင်၍ လမ်းပိတ်ဆို့သည် ကိုအသိ ပေးထား ကြောင်းယင်းလမ်းမပေါ်ကို ဖြတ်သန်း သွားလာနေသူ တစ်ဦးက ပြောသည်။
ဇန်နဝါရီ ၇ ရက်က လုံးခင်း နှင့်နန့် တိမ်းကြား၊ မိုင်တိုင် အမှတ် ၆ မိုင် ၈ဖာ လုံတွင်ရှိသည့် ကွန်ကရစ် တံတားအား မိုင်းထောင် ဖျက်ဆီးလိုက် ကြောင်း  ဖား ကန့်မြို့နယ် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ  အတည်ပြု ပြောကြားသည်။

''ဒီတံတားက အရင်နှစ်အတွင်းမှာ လေးငါးခါလောက်မိုင်းခွဲခံရတယ်၊ဒါပေမယ့် မပျက်စီး သွားပါဘူး။အခု လည်း ဒီအတိုင်းပဲ ထင်ပါတယ်။ ကျွန်တော်တို့တော့ သွားမကြည့် ရသေးပါဘူး' ဟုယင်းတာဝန်ရှိ သူကအတည် ပြု ပြောကြားသည်။ကေအိုင်အေမှ ယင်းသို့လမ်းပိတ် ဆို့ခြင်းကြောင့် ဖားကန့်မြို့နယ်၊ လုံးခင်းနေ ပြည်သူများမှာ စားသောက်ကုန်စား ရိတ်ကြီးမြင့်မှု ဒဏ်ကို ခံစားရကြောင်း လုံးခင်း နေပြည်သူ ဦးမောင်ဇော်က ဆို သည်။


''ဆန်တစ်အိတ်ကို သုံးသောင်းနှစ်ထောင် ကနေ လေးသောင်းနှစ်ထောင်၊ ကြက်ဥတစ်လုံးကို တစ်ရာကနေ၊သုံး လုံး ကိုငါးရာလောက် ဈေးတက်သွားတယ်။ ဒီမှာရှိတဲ့သူတွေ ကကြောက်လန့်ပြီး ရိက္ခာဝယ်စုနေ ကြတော့ဈေး က ပြန်ကျဖို့ တော့မရှိဘူး'' ဟု ယင်းက ဆက်လက် ပြောကြားသည်။


''အခု လမ်းကြောင်းတွေပိတ် သွားပြီ။ ဖားကန့်မှာ ဆန်တွေပြတ် လပ်မှုဖြစ်တော့မယ်။ ကျွန်တော်အကို တစ်ယောက်ဆို ရန်ကုန်ပြန်တာတစ် ရက်စောသွားလို့ တစ်ရက်သာနောက် ကျရင် ဖားကန်ကနေမြစ်ကြီးနားကို သွားလို့မရတော့ဘူး။ အခုအနေအ ထားနဲ့ဆိုကုန်ပစ္စည်းတွေ ပြတ်လပ်မှု က သိပ်မကြာခင်မှာ ဖြစ်လာနိုင်ပါ တယ်'' ဟု ဖားကန်မြို့ရှိ ပွဲရုံလုပ်ငန်း လုပ်ကိုင်သူ ဦးအေးလှိုင်ကပြော သည်။


ကချင်ပြည်နယ်တွင် စစ်ပွဲများဖြစ်ပွားနေခြင်း ကြောင့် စစ်ပြေးဒုက္ခသည် များမှာ တရုတ် နှင့်မြန်မာ နယ်စပ်သို့ ပြောင်းရွှေ့ အခြေချမှုများ မှာအဆက် မပြတ်ဖြစ် ပွားနေကြောင်း မြစ်ကြီးနား မြို့နှင့် အနီးတဝိုက် ဒေသများ ရှိ ဒုက္ခ သည် များအား ထောက်ပံ့ကူညီပေးနေ သူမန္တလး မြို့မှ ဦးညီညီကျော်က ဆို သည်။


''ကျွန်တော်တို့လည်း မိုးကောင်း၊ကာမိုင်းလမ်းကြောကိုကားတွေတက် ဖွင့်မပြုဘူးလို့ကြားတယ်။ကျွန်တော် ထင်ရတာတော့ နှစ်သစ်ကူးကာလအ တွင်း ငြိမ်နေပြီးတော့ အခုမှပြန်စကြ တာလို့ ထင်တယ်။ အဲဒီဘက်တွေက တော့မြို့ပေါ်မှာ နေရင်တော့ အန္တရာယ် မရှိပါဘူး ''ဟု ယင်းကပြော သည်။


Yangon Time