xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: " အမေရိကန်အထက်လွှတ်တော် အမတ်များ မြန်မာဟု ပြောင်းလဲ ပြောဆိုကြပြီ "

Wednesday, January 25, 2012

" အမေရိကန်အထက်လွှတ်တော် အမတ်များ မြန်မာဟု ပြောင်းလဲ ပြောဆိုကြပြီ "

ဂျွန် မက်ကိန်း

အမေရိကန် အထက်လွှတ် တော်အမတ် ဂျွန်မက်ကိန်းနှင့် အဖွဲ့သည် ယခင် သုံးနှုန်းနေကျ ဖြစ်သည့် Burma အစား Myanmar ဟုပြောင်းလဲသုံးနှုန်း ပြီဖြစ်ကြောင်း သိရပါတယ်။အမေရိကန် အထက်လွှတ် တော်အမတ်များဖြစ်ကြသော ဂျွန် မက်ကိန်း၊ ဂျိုးဆက်လိုင်ဘာမင်၊ ရှယ်လ်ဒန် ဝှိုက်ဟောက်စ်နှင့် ကယ် လီ အာယော့တေတို့သည် ဇန်နဝါရီ ၂၂ ရက်နေ့ ညနေပိုင်းက စာနယ် ဇင်းများနှင့် တွေ့ဆုံခဲ့ရာတွင် အား လုံးက ထိုသို့ ပြောင်းလဲသုံးနှုန်းပြော ဆိုကြခြင်း ဖြစ်ကြောင်းသိရပါတယ်  

 မြန်မာနိုင်ငံသို့မရောက်မီ ဖိလစ် ပိုင်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့သို့ ရောက်ရှိခဲ့စဉ်တွင်လည်း စာနယ်ဇင်း များနှင့် တွေ့ဆုံရာတွင်အလားတူ ပင် ပြောင်းလဲပြောဆိုခဲ့ကြောင်းသိရပါတယ် ဒီအချက်ဟာ သာမန်အား ဖြင့်ဆိုပါက မပြောပလောက်ဟု ထင်ဖွယ်ရာရှိသော်လည်း နှစ်ပေါင်း ၂ဝ ကျော်မျှ စွဲစွဲမြဲမြဲ သုံးနှုန်းပြော ဆိုခဲ့ခြင်းကို ယခုအချိန်တွင်မှ ပြောင်း လဲသုံးနှုန်းလာခြင်းသည် မြန်မာနိုင်ငံ အပြောင်းအလဲများအပေါ် အသိ အမှတ်ပြုခြင်း၊ အတူတကွ လက်တွဲ ရန်အသင့်ဖြစ်နေခြင်း စသည့် နိမိတ် ပုံများဆောင်နေကြောင်း နိုင်ငံရေး လေ့လာသူတို့က ကောက်ချက် ချနေကြကြောင်းကို ယနေ့ထုတ်ပေါ်ပြူလာသတင်းဂျာနယ်၏ အွန်လိုင်းသတင်းများတွင် ၀မ်းမြောက်ဘွယ် ရာတွေ့ရပါတယ်



ဘာလို့ဝမ်းမြောက်ရသလဲလို့မေးရင် ဒီဆောင်းပါးလေး ပြန်ဖတ်စေချင်ပါတယ်.....