အထူးပါမစ်ဖြင့်ပြည်ပမှတင်သွင်းသောမော်တော်ယာဉ်များအားအကောက်ခွန်ဦးစီးဌာန
ကစည်းကြပ်ဆောင် ရွက်ပေးနေရာ (၆.၁.၂၀၁၂ )ရက်နေ့တွင် လူစီးယာဉ် (၂၄၉)စီး၊
ဘတ်စ် ကား (၃)စီး ၊ကုန်တင်ယာဉ် (၃)စီးစုစုပေါင်း
(၂၅၅)စီးဆောင်ရွက်ပေးခဲ့ကြောင်း အကောက်အခွန် ဦးစီးဌာနမှ တရားဝင် သတင်းထုတ်ပြန်ထားပါသည် ။
အထူးပါမစ်ကားများစတင်ဆောင်ရွက်သော ၂၅.၁၀.၂၀၁၁ မှ ၆.၁.၂၀၁၂
ရက်ထိဆောင်ရွက်ပေးမှုမှာ လူစီးယာဉ်(၈၃၉၉)စီး၊ဘတ်စ်ကား(၃၃)စီး၊ကုန်တင်ယာဉ်(၇၈)စီး၊စုစုပေါင်း(၈၅၁၀)စီးရှိပြီး၊ပါမစ်ပါအချက်နှင့် မကိုက်ညီ၍တားဆီးထားသောကား(၇၅)စီးရှိကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက် အရသိရှိရသည်။