လစ်ဗျားနိုင်ငံတွင် ကဒါဖီအစိုးရလက်ထက်က လူ့အခွင့်အရေးအမျိုးမျိုးအကြောင်းပြကာ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှု ပြုလုပ်ထားသော EU ခေါ်ဥရောပသမဂ္ဂနိုင်ငံများက အမေရိကန်ဦးဆောင်သောနေတိုးစစ်အုပ်စု ၏ လေကြောင်းအကူအညီဖြင့် နိုင်ငံ၏နေရာအနှံ့အပြားတွင် လစ်ဗျားသူပုန်များက စစ်ရေးအရအောင်မြင်မှုများရရှိကာ ကဒါဖီအစိုးရ ပြုတ်ကျချိန်တွင် ၄င်းတို့၏ စီးပွားရေးပိတ်ဆို့မှုများကို ပြန်လည်ရုပ်သိမ်းသွား မည်ဖြစ်ကြောင်း ကြေငြာလိုက်သည်ဟု သတင်းရရှိပါသည် ။
လစ်ဗျားနိုင်ငံက ဆိပ်ကမ်းတွေ၊ ရေနံကုမ္ပဏီတွေနဲ့ တခြား စီးပွားရေး
လုပ်ငန်းတွေအပေါ် ပိတ်ဆို့ အရေးယူထားတာတွေကို အစောဆုံး သောကြာနေ့လောက်မှာ
ပြန်လည် ရုပ်သိမ်းပေးနိုင်မယ်လို့ EU ဥရောပသမဂ္ဂ သံတမန်တွေရဲ့ ပြောကြားချက်ကိုကိုးကားပြီး ဆင်ဟွာသတင်းတစ်ရပ်မှာဖေါ်ပြလိုက်ပါတယ် ။
လစ်ဗျားအမျိုးသား အသွင်ကူးပြောင်းရေးကောင်စီ (NTC)ခေါ် လစ်ဗျားသူပုန်အဖွဲ့တွေ အနေနဲ့
တိုင်းပြည်အတွင်းက စီးပွားရေး လုပ်ငန်းတွေ ပုံမှန် ပြန်လည်
လည်ပတ်နိုင်ဖို့အတွက် EU အဖွဲ့ဝင် ၂၇ နိုင်ငံက ကိုယ်စားလှယ်တွေ
ဗုဒ္ဓဟူးနေ့မှာ မူအားဖြင့် သဘောတူခဲ့ကြတာဖြစ်ပြီး ဒီသဘောတူညီချက်ကို
ကြာသပတေးနေ့မှာ အတည်ပြုကာ သောကြာနေ့မှာ ပိတ်ဆို့မှုတွေကို စတင်
ရုပ်သိမ်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း သံတမန်တွေက ပြောကြားကြောင်းသိရှိရပါတယ် ။
လစ်ဗျားအမျိုးသား အသွင်ကူးပြောင်းရေးကောင်စီ (NTC)ခေါ် လစ်ဗျားသူပုန်အဖွဲ့တွေဟာ အခုအခါမှာတိုင်းပြည်ကို တည်ငြိမ်အောင်ထိန်းသိမ်းထားနိုင်သည့်အခြေအနေမျိုးမရှိသေးပဲ တိုင်းပြည်နေရာ အနှံ့အပြားမှာ စ်မီးစစ်လျှံများတောက်လောင်နေစဉ်မှာပင် ဥရောပသမဂ္ဂရဲ့ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်တာကို ကြည့်ချင်းအားဖြင့် EU ရဲ့စီးပွားရေးအရဒဏ်ခတ်ပိတ်ဆို့မှုဟာ သူတို့အကြောင်းပြသလို လူ့အခွင့်အရေးနဲ့မည်သို့မှသက်ဆိုင်ခြင်းမရှိပဲ ၄င်းတို့လိုလားသောအစိုးရ တက်လာခြင်းမတက်လာခြင်းပေါ်တွင်သာ မူတည်နေတာထင်ရှားကြောင်း နိုင်ငံရေးအကဲခတ်တွေ က ထောက်ပြကြပါတယ် ။