xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြောက်ကိုရီးယားခေါင်းဆောင် မစ္စတာကင်ဂျုံအီး ရုရှားနိုင်ငံသို့အလည်အပတ်ခရီးရောက်ရှိနေ

Saturday, August 20, 2011

မြောက်ကိုရီးယားခေါင်းဆောင် မစ္စတာကင်ဂျုံအီး ရုရှားနိုင်ငံသို့အလည်အပတ်ခရီးရောက်ရှိနေ

 မြောက်ကိုရီးယားခေါင်းဆောင်မစ္စတာ ကင်ဂျုံအီးလိုက်ပါလာသော အထူးရထားကို မြောက်ကိုရီးယားနဲ့ ရုရှားနယ်ခြားဒေသ ရုရှားဘက်ခြမ်း ဗလဒီဘော့စတော့ဒေသရှိ Khasan ဘူတာတွင်တွေ့ရစဉ်


မြောက်ကိုရီးယားနိုင်ငံ၏ ခေါင်းဆောင် ကင်ဂျုံအီးဟာ ရုရှားသမ္မတ ဒမီဒရက်ဗ် ၏ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ အလည်အပတ်ခရီးရောက်ရှိနေကြောင်း ရုရှားအစိုးရက သြဂုတ်လ ၂၀ ရက်မှာ အတည်ပြုပြောကြား လိုက်ပါသည် ။

နိုင်ငံတကာသတင်းတော်တော်များများမှာ မြောက်ကိုရီးယားခေါင်းဆောင်၏ ရုရှားခရီးစဉ်နှင့်ပတ်သက်၍ သတင်းများထွက်ပေါ်နေသော်လည်း နှစ်နိုင်ငံစလုံးက တစ်စုံတရာ အတည်ပြုပြောကြားခြင်းမရှိပဲ ဒီနေ့မှာမှ ရုရှားအစိုးရက အတည်ပြုထုတ်ပြန်လိုက်တာဖြစ်ကြောင်းလည်းသိရပါတယ် ။

ရုရှားသမ္မတ၏ ဖိတ်ကြားချက်အရ ရုရှားသို့ရောက်ရှိနေသော မြောက်ကိုရီးယားခေါင်းဆောင်ဟာ  ခရီးစဉ်အတွင်းမှာ ရုရှားသမ္မတနှင့် တွေ့ဆုံမှာဖြစ်ပြီး ရုရှားမြောက်ဘက်စွန်းမှာရှိတဲ့ ဆိုက်ဘေးရီးယားဒေသကိုလည်း သွားရောက်မှာဖြစ်ကြောင်း ရုရှားတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဆင်ဟွှာသတင်းဌာနကဖေါ်ပြလိုက်ပါတယ် ။

မစ္စတာကင်မ်ဂျုံအီးဟာ မြောက်ကိုရီးယားနိုင်ငံ၏ စစ်ကော်မရှင်အကြီးအကဲလည်းဖြစ်ပါတယ် ၊ သူဟာ သူ့နိုင်ငံနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ အင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ ရုရှားနိုင်ငံများသို့ ရထားဖြင့်ခရီးထွက်လေ့ရှိပြီး ခရီးစဉ်များကိုလည်း ထုတ်ပြန်လေ့မရှိကြောင်းလည်းသိရပါတယ် ။

Voice Of Myanmar