xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: လန်ဒန်မြို့လယ်တွင် ဆန္ဒပြမှုများထိန်းမရအောင်အရှိန်မြင့် အကြမ်းဖက်ဖမ်းဆီးမှုများနေရာအနှံ့ဖြစ်ပေါ်နေဟုသိရှိရ

Tuesday, August 9, 2011

လန်ဒန်မြို့လယ်တွင် ဆန္ဒပြမှုများထိန်းမရအောင်အရှိန်မြင့် အကြမ်းဖက်ဖမ်းဆီးမှုများနေရာအနှံ့ဖြစ်ပေါ်နေဟုသိရှိရ

ဒီလိုဖြစ်တော့ ခင်ဗျားတို့လဲ ဒီလိုလုပ်ရတာပဲမဟုတ်လား

လန်ဒန်မြို့တော် ရပ်ကွက် တော်တော်များများမှာ အဆောက်အဦးတွေ၊ မော်တော်ယာဉ်တွေ၊ ဘတ်စ်ကားမှတ်တိုင်တွေ မီးတောက်လောင်နေပြီး လူငယ်တွေနဲ့ ရဲတွေအကြား အဓိက ရုဏ်းတွေ ဖြစ်ပွားနေတာဟာ ၃ ညဆက်တိုက် ရှိလာခဲ့ပြီဖြစ်ပါတယ် စတိုးဆိုင်တွေ၊ စားသောက်ဆိုင်တွေ လည်း လုယက်ခံရပြီး ရဲတွေနဲ့ ဆန္ဒပြသူတွေအကြားထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှုတွေလည်း နေရာ အနှံ့ဖြစ်ပေါ်နေတယ်လို့သိရပါတယ် ။



ဤသို့ လန်ဒန်မြို့လယ်ခေါင်တွင် မီးဟုန်းဟုန်း တောက်လောင်နေ သော်လည်း အမေရိကန်အစိုးရနှင့် ကုလသမဂ္ဂတို့က မစိုးရိမ်ကြသေး


ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) ဟာ အီတလီမှာ သွားရောက်ပြီး အနားယူနေတာကို ဖြတ်တောက်ပြီး နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး ဖြစ်ပွားနေတဲ့ ဆူပူ အုံကြွမှုတွေကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ လန်ဒန်မြို့ကို ရေးကြီးသုတ်ပြာ ဆိုသလို ပြန်လာ ခဲ့ရကြောင်းလဲသိရပါတယ် ။

 
မြို့တော်တစ်ခွင် မီးဟုန်းဟုန်း တောက်လောင်နေသော်လည်း အီတလီတွင် အပန်းဖြေမပျက်သည့် ဒေးဗစ်ကင်မရွန်း

အခုချိန်ထိတော့ လူပေါင်း ၂၁၅ ယောက်ကို ဖမ်းဆီးထားပြီး ဖြစ်တယ်လို့ ဗြိတိန် ရဲတပ်ဖွဲ့က ပြောကြားပေမယ့် ဒီထက် ၃ ဆလောက်ပိုလိမ့်မယ်လို့ ဒေသခံတွေကပြောကြားပါတယ် ။ရဲအရာ ရှိ ၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ၃ ယောက်ကတော့ ဆန္ဒပြသူတွေကို လိုက်လံဖမ်းဆီးဖို့ ကြိုးစားနေတုန်းမှာပဲ ကားတွေနဲ့ တက်ကြိတ်တာကို ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။



နိုင်ငံကြီးသားတွေတဲ့လား......
 
ဗြိတိန်အစိုးရကတော့ ဆန္ဒပြပွဲတွေဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ဆန္ဒပြပွဲတွေဖြစ်ပြီး အခွင့်အရေးသမားတွေက လုပ်တဲ့ ဆန္ဒပြပွဲ ဖြစ်သလို ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူးလို့ ဒုတိယ၀န်ကြီးချုပ် နစ်ခ် ကလက်ဂ် (Nick Clegg) က ဆန္ဒပြသူတွေကို ဆူပူသောင်းကျန်းသူတွေလို့ အမည်တပ်ပြီးအပြစ်ဖို့ ပြောဆိုလိုက်ပါတယ်။

၈ လေးလုံး နှစ်ပတ်လည်များလုပ်နေသလား ထင်မှတ်မှားရ 
 
လန်ဒန်မြို့ မြောက်ပိုင်းမှာ စီးပွားရေး ဖွံ့ဖြိုးမှု မရှိတဲ့ အခြေအနေ၊ အလုပ်လက်မဲ့ဦးရေ များပြီး လူမှုဖူလုံရေး အစီအစဉ်တွေ လျှော့ချခံနေရတာတွေအပေါ် မကျေနပ်မှုတွေ ကြီးထွားနေတာကြောင့် အခုလို ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတာလို့ လန်ဒန်မြို့ခံတွေက ပြောပါတယ်။

 ဒီဆန္ဒပြပွဲတွေဟာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်က ဆင်းရဲသားရပ်ကွက် တခုမှာ စနေညပိုင်းက အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ရာမှစတင်ခဲ့တာဖြစ်ပြီး ဗြိတိသျှ ရဲတပ်ဖွဲ့ဝင်တွေရော ဆန္ဒပြသူတွေပါ ဒဏ်ရာရသွားကြပြီး လူတချို့ အဖမ်းခံခဲ့ရပါတယ်။

 ကြာသပတေးနေ့က ရဲရဲ့ ပစ်ခတ်မှုနဲ့ အသက် ၂၉ နှစ်အရွယ် အမျိုးသားတဦး သေဆုံးသွားရတဲ့ ဖြစ်ရပ်ကို ကန့်ကွက် ဆန္ဒပြခဲ့ကြတာက အစောပိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စတင်ခဲ့ပေမဲ့ နောက်ပိုင်းမှာအစိုးရရဲ့ ကိုင်တွယ်ပုံညံ့ဖင်းတာကြောင့်  အကြမ်းဖက်မှုတွေ ပါလာတဲ့အထိ ဖြစ်ပေါ်တာဖြစ်တယ်လို့ ဝေဖန်သူတွေလဲ ၇ှိနေကြောင်း သတင်းရရှိပါတယ် ။