ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်သည်
စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာတွင် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက် မွန်းလွဲ
၁း၀၀ နာရီမှ ၁း၅၀ နာရီအထိ ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်ကို လာရောက်
တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံမှုတွင် နှစ်ဘက်စလုံးက အောက်ပါအတိုင်း သဘော တူညီခဲ့ကြပါသည်-
(၁)
|
ပြည်သူလူထု
တစ်ရပ်လုံး၏ ပကတိ လိုအပ်ချက် ဆန္ဒများကို ဖြည့်ဆည်းပေးသည့် အနေဖြင့်
တိုင်းပြည် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက်
နိုင်ငံတော် အစိုးရနှင့် နှစ်ဘက် လက်တွဲ ဆောင်ရွက်သွားမည်။
|
(၂)
|
မြန်မာနိုင်ငံတွင်
ဒီမိုကရေစီစနစ် ဆက်လက် တိုးတက် ထွန်းကားစေရေး အတွက် လည်းကောင်း၊
စီးပွားရေးနှင့် လူမှုရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေး
အတွက် လည်းကောင်း အပြုသဘော ပူးပေါင်း ဆောင်ရွက်သွားမည်။
|
(၃)
|
ပဋိပက္ခ
အသွင် ဆောင်သော အမြင် သဘောထားများကို ရှောင်ရှားကြပြီး အပြန်အလှန်
ကူညီသော ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းစဉ် (reciprocal basis) အတွက်
ဦးတည်ချက် ထား၍ ဆောင်ရွက်သွားမည်။
|
(၄)
|
တွေ့ဆုံ ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်သွားမည်။
|
ရက်စွဲ။ ၂၀၁၁ ခုနှစ် သြဂုတ်လ (၁၂) ရက်
နေရာ။ စိမ်းလဲ့ကန်သာရိပ်သာ