xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: လစ်ဗျား ၊ ကဒါဖီနဲ့ သူပုန်အဖွဲ့ သတင်းတိုများ

Wednesday, August 31, 2011

လစ်ဗျား ၊ ကဒါဖီနဲ့ သူပုန်အဖွဲ့ သတင်းတိုများ

ကဒါဖီပျောက်ဆုံးနေဆဲ

 ဂဒါဖီကို ဆန့်ကျင်တဲ့ တိုက်ခိုက်ရေးသမားတွေ ထရီပိုလီ (Tripoli) မြို့တော်ကို အရင်တပတ်မှာ သိမ်းလိုက်ပြီးကတည်းက မစ္စတာ ဂဒါဖီရော၊ သူ့ရဲ့ အရေးအပါဆုံး သားတွေပါ ပျောက်ဆုံးနေဆဲဖြစ်ပါတယ် ၊ သူတို့ဟာ နိုင်ငံတောင်ပိုင်းမှာ ပုန်းအောင်းနေတယ်လို့ တချို့က ယုံကြည်ထားကြပေမယ့် တကယ်တမ်း ကဒါဖီဘယ်မှာရှိတယ်ဆိုတာကတော့ စိတ်ဝင်စားစရာ ဖြစ်နေဆဲဖြစ်ပါတယ်။

သူပုန်အဖွဲ့က ကဒါဖီသစ္စာခံတပ်ကိုသတိပေး

လစ်ဗျားနိုင်ငံမှာ မိုမာ ဂဒါဖီ (Moammar Gadhafi) ရဲ့ ဇာတိမြို့ ဆာတဲ (Sirte) မှာရှိတဲ့ ဂဒါဖီသစ္စာခံ တပ်ဖွဲ့တွေ ၄ ရက်အတွင်း လက်နက်ချဖို့ လစ်ဗျားသူပုန်အဖွဲ့က ကြေညာသွားပါတယ်။ ဂဒါဖီကို ထောက်ခံတဲ့တပ်တွေ စနေနေ့ရောက်လို့မှ ဆွေးနွေးညှိနှိုင်းမှုတွေ မလုပ်ဘူး၊ လက်နက်မချဘူးဆိုရင် သူတို့တပ်တွေက စစ်ရေးအရ တိုက်ခိုက်မှုတွေ စလုပ်မယ်လို့ NTC အမျိုးသား အသွင်ကူးပြောင်းရေးကောင်စီလို့ သူတို့ကိုသူတို့အမည်ပေးထားတဲ့ သူပုန်အဖွဲ့ ခေါင်းဆောင် မူစတာဖာ အက်ဘ်ဒဲလ် ဂျာလေးလ် (Mustafa Abdel Jalil) က ဗုဒ္ဒဟူးနေ့မှာ ပြောသွားပါတယ်။


 ကဒါဖီဇနီးနဲ့မိသားစုဝင်အချို့ အယ်လ်ဂျီးရီးယားတွင်ခိုလှုံ
တနင်္လာနေ့ကတော့ မစ္စတာ ဂဒါဖီရဲ့ မိသားစုဝင် တချို့ဖြစ်တဲ့ ဇနီး၊ သမီးနဲ့ သား ၂ ဦးကို အယ်လ်ဂျီးရီးယားနိုင်ငံက လက်ခံခဲ့ပါတယ်။ မစ္စတာ ဂဒါဖီရဲ့ သမီးဖြစ်တဲ့ အိုင်ဟာ (Aisha) က ဆာဟာရ သဲကန္တာရထဲမှာ အင်္ဂါနေ့က သမီးလေးတဦးကို မွေးဖွားခဲ့တယ်လို့ အယ်လ်ဂျီးရီးယား အရာရှိတွေက ထုတ်ဖေါ် ပြောကြားခဲ့ပါတယ်။ခုလို မစ္စတာ ဂဒါဖီရဲ့ သမီးဖြစ်သူ ကိုယ်ဝန်လွယ်ထားရတဲ့ ကိစ္စကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြောင်းအချက်နဲ့ သူတို့ကို လက်ခံခဲ့တာ ဖြစ်တယ်လို့ အယ်လ်ဂျီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ် ။ သူတို့ကို အယ်လ်ဂျီးရီးယား အာဏာပိုင်တွေက လစ်ဗျားကို နောက်ပိုင်းမှာ လွှဲပြောင်းပြီး အပ်နှံပေးဖို့ လစ်ဗျား အတိုက်အခံ သူပုန်တွေက တောင်းဆိုခဲ့ကြပါတယ်။