xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: လွှတ်တော်တွင်ပြောကြားမည့် သမ္မတမိန့်ခွန်း နိုင်ငံပိုင်ရုပ်သံမှတိုက်ရိုက်ထုတ်လွှင့်မည်

Monday, August 22, 2011

လွှတ်တော်တွင်ပြောကြားမည့် သမ္မတမိန့်ခွန်း နိုင်ငံပိုင်ရုပ်သံမှတိုက်ရိုက်ထုတ်လွှင့်မည်

 ပြည်ထောင်စုလွှတ်တော် ဒုတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ယနေ့နေလည် ၁ နာရီတွင် ကျင်းပမည် ဖြစ်ရာ နိုင်ငံတော် သမ္မတ၏ မိန့်ခွန်းပြောကြားမှု ကို နိုင်ငံပိုင် ရုပ်သံလိုင်း များမှတိုက်ရိုက်ထုတ်လွှင့်မည် ဖြစ်ကြောင်းသိရှိရပါသည် ။

 ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် ဒုတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေးကို တွင်ယနေ့နေ့လည် ၁ နာရီတွင်စတင်ကျင်းပမည်ဖြစ်သော်လည်း သမ္မတကြီးမိန့်ခွန်းပြောကြားမည့် အစီအစဉ် မှာ နေ့လည် ၂ နာရီခန့်တွင် ဖြစ်ကြောင်းသိရပါသည် ။

ယခင်အစိုးရ လက်ထက်တွင် နိုင်ငံတော်အကြီးအကဲ၏မိန့်ခွန်းကို သာမန်မျှသာသဘော ထားလေ့ရှိသော မြန်မာပြည်သူများက ယခုအစိုးရလက်ထက်တွင် နိုင်ငံတော်သမ္မတကြီး၏မိန့်ခွန်းကို အထူးပင် စိတ်ဝင်တစားရှိလာကြောင်းနှင့် သမ္မတ၏ မိန့်ခွန်းတစ်ခုချင်းစီတွင်လည်း နိုင်ငံနှင့်ပတ်သက်သည့် ထူးခြားသောအပြောင်းအလဲ တစ်ရပ်ပါလာလေ့ရှိသည်ဖြစ်ရာ ယနေ့ပြောကြားမည့်မိန့်ခွန်းကိုလည်း အများက စိတ်ဝင်တစား စောင့်မျှော်လျက်ရှိကြောင်းသတင်းရရှိပါသည် ။

ယခုကျင်းပလျက်ရှိသော လွှတ်တော်အစည်းအဝေးများကို မီဒီယာသမားများ တက်ရောက်သတင်းယူခွင့်ပြုထားသဖြင့် လွှတ်တော်နှင့်ပတ်သက်သည့် သတင်းများ မကြာမီ ပြန့်နှံ့လာဘွယ်ရှိကြောင်း  သတင်းရရှိပါသည် ။
 
Voice Of Myanmar


နောက်ဆုံးရရှိသောသတင်းများအရ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းကို တိုက်ရိုက်ထုတ်လွှင့်ခြင်းမရှိခဲ့ကြောင်း
သိရှိရပါသည် ။ ညပိုင်းရုပ်သံများတွင်သာ တည်းဖြတ်ထုတ်လွှင့်ဘွယ်ရှိကြောင်း ပြန်ကြားရေးမှ တာဝန်ရှိသူများ၏ ပြောစကားကို ကိုးကား၍ နေပြည်တော်မှလာသောသတင်းများအရသိရှိရပါသည် ။