xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: နိုင်ငံတော်သမ္မတကြီး တိုင်းပြည်သို့ မိန့်ခွန်းပြောကြားမည်

Tuesday, August 16, 2011

နိုင်ငံတော်သမ္မတကြီး တိုင်းပြည်သို့ မိန့်ခွန်းပြောကြားမည်

မနက်ဖြန် သြဂုတ်လ ၁၇ ရက်နေ့ နေ့လည်ပိုင်းမှာ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ဟာ တိုင်းပြည်သို့ မိန့်ခွန်းတစ်ရပ်ပြောကြား မည် ဖြစ်ကြောင်း နေပြည်တော်မှလာတဲ့သတင်းများအရသိရပါတယ် ။

"ကျွန်တော်တို့ကတော့ သမ္မတကြီးသတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ပဲ သိထားပါတယ်..ပြည်တွင်းဂျာနယ် အချို့နဲ့  ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းထောက်အချို့ကိုလဲ ဖိတ်ကြားထားပါတယ်" ဟု ပြည်တွင်းဂျာနယ်တစ်စောင်မှ အယ်ဒီတာတစ်ဦးက အတည်ပြုပြောကြားပါသည် ။

အစိုးရသစ်တက်လာပြီးနောက် သမ္မတကြီးဦးသိန်းစိန်၏ မိန့်ခွန်းများသည် ယခင်အစိုးရလက်ထက် ကနှင့်မတူပဲ ပုံစံကွဲပြားပြီး အပြုသဘောဆောင်သော အသုံးအနှုံးများကြောင့် နိုင်ငံ တကာနှင့် ပြည်တွင်း မှ နိုင်ငံသားများ ၊ ကုလသမဂ္ဂအပါအ၀င် အဖွဲ့စည်းအသီးသီးမှ ကြိုဆိုထောက်ခံခဲ့ကြပြီး မနက်ဖြန်မှာ ပြောကြားမည့် သမ္မတကြီး၏ မိန့်ခွန်းတွင်မည်သို့သောအပြောင်းလဲများ ပါဝင်လာမည်ကို ပြည်တွင်းပြည်ပမှ အထူးစိတ်ဝင်စားလျက်ရှိကြောင်း သတင်းရရှိပါသည် ။

Voice Of Myanmar